အိမ်ထောင်ရေးသာယာချိန်
မကြာခင်ကာလ၌ အိမ်ထောင်ပြုတော့မည်။ သူတို့သားလောင်းလျာက အိမ်ထောင်သက် ဝါရင့်နေပြီဖြစ်သူထံ ရောက်ရှိသွား၏။ ရောက်သည်နှင့်-
“မိန်းမနှင့် ယောကျာင်္း အိမ်ထောင်ပြုပြီးတဲ့နောက် အိမ်ထောင်ရေး သာယာချိန်ဆိုတာ ဘယ်အချိန်တဲ့လဲဟင်”
ထိုသို့မေးသည်ရှိသော် ဝါရင့်အိမ်ထောင်ရှင်က-
“မသေမချင်းမှတ်ထား ငါ့တူ။ ယောကျာင်္းလုပ်သူအပြင်မှာ မူးရူးပေတေပြီး လောင်းကစားလုပ်နေတာ၊ မြာပွေနေတာကို မိန်းမဖြစ်သူ မမြင်တဲ့အချိန်နဲ့၊ ခေတ်ပေါ်အသစ်အဆန်းမှန်သမျှ လက်ဖွာပြီး ဝယ်ခြမ်းနေတာ၊ နားကြားပြင်းကတ်လောက်အောင် ပွစိပွစိလုပ်ပြီး အော်ဟစ်မြည်တွန် တောက်တီးနေတာကို ယောကျာင်္းဖြစ်သူ မမြင်၊ မကြားရတဲ့အချိန်တွေဟာ အိမ်ထောင်ရေး သာယာချိန်ပေါ့ကွယ် အဟက် ဟက်…”
“ဟောဗျာ…. မှတ်ထားလောက်ပါပေတယ်နော်”
Credit - ကိုရွှေတောသား
အောင်မြင့်မြတ်(Myanmar Youths)
Post a Comment