Header Ads

ကံကောင်းလို့

" မနေ့ညက ငါ့အိမ်ကို သူခိုးဝင်ခိုးတယ် ။ ငါ့မိန်းမက သူခိုးကို ရိုက်လိုက်တာ သူခိုးခမျာ သတိတောင်လစ်သွားတယ် " ဟုကိုဟိန်းက မိတ်ဆွေဖြစ်သူ ကို ပြောပြနေသည် ။
" ဟော ဒါဆို မင်းမိန်းမက တော်တော် သတ္တိရှိတဲ့ မိန်းမပေါ့ " ဟု မိတ်ဆွေက ဆို၏ ။
" ငါ့မိန်းမက သတ္တိမရှိပါဘူးကွာ ။ အမှောင်ထဲမှာ ဆိုတော့ ငါအိမ်အပြန်နောက် ကျလို့ အိမ်ထဲကို တိတ်တိတ်လေး ၀င်လာတယ်ထင်ပြီး အားရပါးရ ထုနှက် ပစ်လိုက်တာပါကွာ ။ နောက်မှ ငါမဟုတ်ဘဲ သူခိုးဖြစ်နေမှန်း သိသွားတာ " ဟု ကိုဟိန်းက ဆိုလေသည် ။


Credit- Na Saw



အောင်မြင့်မြတ်(Myanmar Youths)

No comments