အိမ်ထောင်ရေးအဘိဓမ္မာ
အမျိုးသမီးရေးရာ အစည်းအဝေးသို့ တက်ရောက်ရန်လာကြသော အမျိုးသမီးနှစ်ဦးတို့ ကားတစ်စီးပေါ်၌ ဆုံမိကြလေ၏။ ခင်မင်ရင်းနှီးသူများ ဖြစ်ကြသည့်အလျောက် အိမ်ထောင်ရေးကိစ္စအကြောင်းကို စကားဖလှယ်မိကြလေ၏။
“မိရေ၊ တို့များအမျိုးသမီးတွေ အိမ်ထောင်မကျခင်နဲ့ အိမ်ထောင်ကျပြီးရင် ဘာများကွာခြားတယ်လို့ မင်းထင်သလဲကွာ၊ မင်းက အမျိုးသမီးတို့၏ စိတ်နေသဘာဝ ဆိုတဲ့ကျမ်းနဲ့ မဟာဝိဇ္ဇာရခဲ့သူဆိုတော့ မင်းဆီက ထင်မြင်ယူဆချက်ကလေးကို ကြားချင်လို့ပါ”
“ကြားချင်တော့ နားဆင်ပေါ့ အေးရေ၊ ကိုယ်လေ့လာစူးစမ်းမိသလောက်ကို ကောက်ချက်ချ ပြောရမယ်ဆိုရင် အိမ်ထောင်မကျသေးတဲ့ အမျိုးသမီးတွေဟာ အိမ်ထောင်ပြုဖို့ရာအတွက် ခင်ပွန်းသည်ကလွဲလို့ ဘာကိုမှ အလိုမရှိကြဘူး။ အဲ ဒါပေမဲ့ အိမ်ထောင်လည်းကျပြီးရော ခင်ပွန်းသည်လည်းရပြီးရော ဘာကိုမဆို အလိုရှိကြတော့တာပါပဲကွာ”
“မှတ်သားလောက်ပါရဲ့ မိရယ်”
Credit - ကိုရွှေတောသား
အောင်မြင့်မြတ်(Myanmar Youths)
Post a Comment