မိန်းမဟူဘိထိုဣတ္ထိ
ကင်ဆာရောဂါဝေဒနာကြောင့် ဆေးရုံတက်ကုသမှုခံယူနေရသော အမျိုးသားလူနာ နစ်ယောက်မှာ ခုတင်ချင်း ကပ်လျက်သားဖြစ်ရာမှ ရက်ပိုင်းအတွင်း ငယ်ပေါင်းကြီးဖော်သဖွယ် ခင်မင်ရင်းနှီးသွားကြလေ၏။
တစ်နေ့သ၌ လူနာစောင့်များကင်းရှင်းနေစဉ် စကားစမြည်ပြောဆိုကြရာ မိန်းမအကြောင်း ရောက်သွားလေတော့၏။
“ကျွန်တော်မိန်းမအကြောင်းကတော့ ပြောလို့မကောင်းပါဘူး ကိုရှောက်သီးရာ”
‘ဘာဖြစ်လို့ ပြောမကောင်းရမှာတဲ့လဲ”
“ပြောမကောင်းဆိုသူမှာ မအားလိုက်နဲ့၊ အားလိုက်တာနဲ့ သေသွားတဲ့ သူ့ပထမယောကျာင်္းဟာ ဘယ်လို တော်ကြောင်း ဘယ်လိုကောင်းကြောင်း ရွှန်းရွှန်းကို ဝေတော့တာပါပဲ။ သည်လိုပြောလိုက်တိုင်း ကျွန်တော့်ခမျာ အောင့်အည်းသည်းခံနေရတယ်”
“ခင်ဗျားကမှ တော်ပါသေးတယ် ကိုငွေတိုးရယ်၊ ကျွန်တော်မိန်းမကမှ ကမ်းကိုကုန်ရော”
“ဘယ်လိုများ ဖြစ်ရတာတဲ့တုံး”
“ဘယ်လိုဖြစ်ရမလဲဗျာ၊ ကျွန်တော်တောင် ကင်ဆာနဲ့ မဂန့်ရသေးဘူး၊ နောက်လင်ယူမယ့် လင်ကလေးအကြောင်းကို ပြောနေလိုက်တာများ ရွှန်းရွှန်းကိုဝေလို့”
“မှတ်သားလောက်ပါ့ဗျာ”
Credit - ကိုရွှေတောသား
အောင်မြင့်မြတ်(Myanmar Youths)
Post a Comment