ဆံပင်ပေါက်ဆေး
အာမခံနဲ့ရောင်းတဲ့ ဆံပင်ပေါက်ဆေး ဆိုင်ထဲကို ထိပ်ပြောင်းကြီးတစ်ယောက် ဒေါကြီးမောကြီးနဲ့ ဝင်လာပြီး …
"မင်းတို့ပြောတော့ ဆေးနှစ်ပုလင်းကုန်ရင် ဆံပင်ပြန်ပေါက်မယ်ဆို၊ ဒီမယ်ကြည့်စမ်း င့ါခေါင်းကို"
ခေါင်းပေါ်မှာထိပ်ကွက်ဆိုတဲ့ စကားလို ထိပ်ကလေးတွေမှာကွက်ပြီး၊ပြောင်နေတယ်၊ဘေးနားတွေမှာ လဲ ဟိုအတိုအစ ဒီအတိုအစနဲ့ သူ့ခေါင်းကတော်တော်ကြည့်ရဆိုးနေပါတယ်။
ဒါနဲ့ဘဲ ဆိုင်ရှင်ကောင်လေးက ….
"စိတ်လျှော့ပါ နောင်ကြီးရယ်။ ဆေးဖိုး ၁ဝ ဆပြန်လျော်ပါ့မယ်"
စကားတောင်မဆုံးသေးဘဲ ဒေါသတကြီးနဲ့ ပြန်ပြောလေတယ် ……
"ငါ က ဆေးဖိုးပြန်လိုချင်လို့ ပြောနေတာ မဟုတ်ဘူး၊ မင်းတို့ကို သိစေချင်လို့ ကွ"
"ဒါဆိုလည်း နောက်ထပ် ဆေး ၂ပုလင်း အလကားပေးလိုက်မယ်ဗျာ"
ထိုစကားကြားပြီးနောက် အလန့်တကြားဖြင့် ထိပ်ပြောင်ကြီးပြောလိုက်တာက …….
"ဘာကွ... ဒီလောက်ခါးတဲ့ဆေးကို ၂ ပုလင်းကုန်အောင် ငါက ထပ်သောက်ရမယ်ပေါ့လေ၊ ဟုတ်လား"
ဆိုင်ရှင်ကောင်လေး ခမျာ အံ့သြတကြီးစွာဖြင့် အာမေဒိတ် သံတွေထွက်ပေါ်လာလေတော့တယ်….
"သေပီဆရာ "
KKK (beetalk)
အောင်မြင့်မြတ်(Myanmar Youths)
Post a Comment