သေသွားပါပြီဆို
ဆွီတီလေးဟာ သူ့ခွေးလေး ဘော်ဘီ ရုတ်တရက် သေဆုံးသွားတာမို့ ယူကျုံးမရ ၀မ်းနည်းစွာငိုကြွေးနေတာကြောင့် သူ့ကို နှစ်သိမ့်ပေးဖို့ အဖေနဲ့ အမေတို့ ဗျာများ နေကြပါတယ်။
နောက်ဆုံးမှာ မိခင်ဖြစ်သူက အကြံတစ်ခုရသွားကာ "စိတ်မကောင်းမဖြစ်ပါနဲ့ သမီးရယ်.. ခုချိန်ဆိုရင်ဘော်ဘီလေးက ကောင်းကင်ဘုံမှာ ဘုရားသခင်နဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဆော့ကစားနေလောက်ပါပြီ။
မငိုနဲ့တော့နော်" လို့ ချော့မော့ပြောလိုက်ပါတယ်။
အသည်းအသန်ငိုနေတဲ့ ဆွီတီလေးက ချက်ချင်း အငိုတိတ်သွားပြီး သူ့ မိခင်ကို ပြန်မေးလိုက်တာက -
"ဘုရားသခင်က ခွေးသေကြီးနဲ့ ဘယ်လို ဆော့ကစားမှာလဲဟင်" တဲ့။
Credit : Myanmar Times
အောင်မြင့်မြတ်(Myanmar Youths)
Post a Comment