Header Ads

စိုးရိမ်လွန်းလို့

ဖိုးညှက်သည် ပထဝီဘာသာရပ်နှင့် ပတ်သတ်လျှင် မြန်မာ့မြေပုံတို့ ၊ကမ္ဘာ့မြေပုံတို့ ဆွဲရမှာကို လုံးဝစိတ်မပါလှပေ။ သို့ဖြစ်၍ မကြာခဏ ဆိုသလို ပထဝီဆရာမ၏ ဒဏ်ပေးခြင်းကို ခံရလေ့ရှိသည်။

တစ်နေ့ ပထဝီဘာသာရပ်သင်ကြားရမည့်အချိန်၌ ဆရာမဝင်လာပြီး ကမ္ဘာ့မြေပုံကားချပ်ကြီးအား ဘောတွင် ချိတ်ကာ အတန်းသူ အတန်းသားတို့အား ကမ္ဘာ့မြေပုံကို ကူးဆွဲစေ၏။ အတန်းသားအားလုံး ညီညီဖျဖျေ၇းဆွဲကြသော်ငြား ဖိုးညှက်မှာမူ ပုံမဆွဲဘဲ ငေးတိငေးကြောင် လုပ်နေသည်။ ထိုအခါ ဆရာမအနားသို့ ရောက်လာပြီး….

“ဟဲ့ ဖိုးညှက်၊ အတန်းသားတွေ အားလုံး ပုံလိုက်ဆွဲနေကြတဲ့ဥစ္စာ။ မင်းက ဘာဖြစ်လို့ ပုံလိုက်မဆွဲတာတဲ့တုံး”

ဤတွင် ဖိုးညှက်လည်း သူ့အကြောင်းပြချက်နှင့်အတူ အောက်ပါအတိုင်း အဖြေပေးလိုက်ပါသတည်း။

“ဘာကြောင့် လိုက်မဆွဲတာလဲဆိုတော့ ကျွန်တော်လိုက်ဆွဲရင် နဂိုမူလ အသားကျနေတဲ့ ကမ္ဘာ့မြေပုံဟာ နေရာတွေ အလွဲလွဲ အချော်ချော်နဲ့ ပုံပျက်ပန်းပျက် ဖြစ်သွားမှာစိုးလို့ပါ ဆရာမ”

ဆရာမမှာတော့ ပါးစပ်အဟောင်းသား။

 

Credit - ရွှေတောသား



အောင်မြင့်မြတ်(Myanmar Youths)

No comments