Header Ads

လုံးဝမလွဲစေရဘူး

အသည်းရောဂါအထူးကု ဆရာဝန်ကြီးထံသို့ လူနာတစ်ယောက်ရောက်လာကာ စိုးရိမ်မကင်းသော လေသံဖြင့် သူသိလိုသမျှကို မေးမြန်းပါလေ၏။

“ဆ၇ာဝန်ကြီးရယ် ကျွန်တော်အခုဖြစ်နေတဲ့ ရောဂါဟာ အသည်းအရောဂါဆိုတာ သေချာပါတယ်နော်”

“သေချာတာပေါ့ဗျာ။ အသည်းမှ အသည်းအစစ်။ အဲနေစမ်းပါဦး ခင်ဗျားက ဘာဖစ်လို့ သေချာ မသေချာမေးနေရတာလဲ”

“ဒီလိုပါ ဆရာဝန်ကြီးရယ်၊ ကျွန်တော်မိတ်ဆွေ်တစ်ယောက်က အသည်းရောဂါဖြစ်တယ်ဆိုလို့ အသည်းဆရာဝန်တစ်ယောက်စီမှာ ဆေးကုတာ။ သေတော့ အသည်းရောဂါမဟုတ်ဘဲ ကျောက်ကပ်ရောပါဖြစ်နေလို့ပါ ဆရာဝန်ကြီးရယ်”

ဤတွင်အသည်းရောဂါဆရာဝန်ကြီးလည်း အောက်ပါအတိုင်း ပြောလိုက်လေသတည်း။

“ကျုပ်ဆီ ရောက်လာရင်တော့ လုံးဝဆိုလုံးဝဘဲ မလွဲရဘူး။ ကျုပ်က အသည်းရောဂါလို့ သတ်မှတ်လိုက်ပြီဆိုရင် အဲသည်လူနာဟာ အသည်းရောဂါနဲ့ပဲ သေရစမြဲပါ”

“အောင်မလေးဗျာ”

 

Credit - ကိုရွှေတောသား



အောင်မြင့်မြတ်(Myanmar Youths)

No comments