စောစောကပြောရောပေါ့
ဘုန်း တော်ကြီး တစ်ပါးသည် တောလမ်း အတိုင်း ကြွလာရာလမ်းခုလတ်တွင် လယ်သမားလူငယ် လေးသည် မြက်ထုံးကြီး ကို ပင်ပန်းကြီး စွာဖြင့် နွားလှည်းပေါ် သို့မတင်ရန် ကြိုးစားနေသည် ကိုတွေ့ လိုက်ရသည်။
" ဒကာလေးကို ကြည့်ရတာ ပင်ပန်းလိုက်တာ ကွယ် ။ ခဏ လောက်နားလိုက်ပါလား "
" မဖြစ်ပါဘူးဘုရား ။ တပည့်တော် နားတာကို အဖေက ကြိုက်မှာ မဟုတ်ဘူး"
လူငယ်လေး သည်သူ့ အလုပ်ကို သာ ပင်ပန်း တကြီး ဆက်လုပ်လျက် ရှိရာဘုန်းတော် ကြီး ကစိတ်မ သာမ ယာ ဖြင့် နားရန်ထပ် တိုက်တွန်း ၏။
" နားလိုက်ပါ ဒကာလေးရယ် လူတိုင်းမှာ အနားယူဖို့ အခွင့် အရေးရှိပါတယ်။ ဒီမှာလာထိုင်ပြီးရေလေး ဘာလေး လာသောက်ချေပါ။"
" တပည့်တော် နားချင် ပါတယ် ဒါပေမယ့် တပည့်တော် အဖေကြောင့် နားလို့မရဘူး ဘုရား"
ဘုန်းတော်ကြီး သည်ဘယ်လို ပြောပြော မရသောကြောင့်
" အင်းဒကာလေး ရဲ့ အဖေ ဟာ အင်မတန်ရက်စက် သူပေပဲ။ ကိုယ့် သားသမီး ကို ကျွန်လိုခိုင်းစေ တတ်သူပဲ ။ အ ခုဒကာလေး အ ဖေ ဘယ်မှာ တုန်းဘုန်းကြီး တွေ့ပြီး ဆုံးမမယ်"
" တပည့်တော် အဖေ က ဟော ဒီ့ မြက်ထုံးကြီးအောက် မှာပါဘုရား"
Credit – ဟာသပုံပြင်များ
အောင်မြင့်မြတ်(Myanmar Youths)
Post a Comment