Header Ads

ငါ့သားတော်လိုက်တာ

သူ့အဖေကဈေးသိမ်းနောက်ကျမှာမို့ သူ့ကိုကြက်တွေ အရင်ယူသွားခိုင်းတာပါ ။ကောင်လေးလဲအဖေ့ရဲ့ ယုံယုံကြည်ကြည်နဲ့ခိုင်းတာခံရလို့ပျော်ရွှင်စွာနဲ့ပြန်လာတယ် ။ဒါပေပမယ့်ကံဆိုးစွာပဲ ရပ်ကွက်ထဲဝင်တဲ့လမ်းကျမှခြင်းတောင်းလွတ်ကျပြီးကြက်တွေ ထွက်ပြေးကုန်ပါရော။
ကောင်လေးလဲစိတ်ပျက်နေမဲ့အစားကြက်တွေကို ရပ်ကွက်တခွင်ပြဲပြဲစင်အောင် လိုက်ဖမ်းရင်း မိုးစုပ်စုပ်ချုပ်မှအိမ်ပြန်ရောက်သွားတယ်၊ ဒါနဲ့ကြက်ခြင်းကို အဖေ့ကိုပေးပြီး လမ်းမှာကြက်တွေလွတ်ကုန်လို့လိုက်ဖမ်းတာနဲ့နောက်ကျသွားတယ်အဖေ ဒါပေမဲ့မပူပါနဲ့ ကျွန်တော်ကြက်၁၂ကောင်လုံးမိအောင်ပြန်ဖမ်းလာခဲ့ပါတယ်ဆိုတော့ စောစောကအိမ်ပြန်နောက်ကျလို့ဒေါသဖြစ်နေတဲ့အဖေက ပြုံးလာပြီးသူ့သားကိုပြောလိုက်တာက 
"တော်လိုက်တဲ့ငါ့သား အဖေပေးလိုက်တဲ့ကြက်၇ကောင်ကို  နေ့ခြင်းပွါးအောင် လုပ်ပြစ်လိုက်နိုမင်းတော်တယ်"



အောင်မြင့်မြတ်(Myanmar Youths)

No comments