Header Ads

လုပ်နိုင်မယ်ထင်လို့

လူတစ်ယောက်သည် ညက အမူးလွန်ပြီး နောက်တစ်နေ့သတိရလာသောအခါ

ဆေးရုံပေါ် ရောက်နေလေသည်။

နံဘေးတွင်လည်း သူ့ သူငယ်ချင်းကိုတွေ့ရလေသည်။

ထို့ကြောင့် သူငယ်ချင်းအားမေးလိုက်သည်

"ငါ ဘာဖြစ်လို့လဲဟင်"

"ဒီလိုကွ ၊ မနေ့ညက တို့နှစ်ယောက်သောက်ကြရင်း မင်း အတော်ကို မူးသွားခဲ့တယ်၊ အဲဒီလိုမူးသွားပြီးတော့ မင်းက ပြတင်းပေါက် ရှိရာကိုသွားပြီး

မြို့ပေါ်ကို တစ်ပတ် ပျံကြည့်လိုက်ဦးမယ်လို့ မင်းပြောလိုက်တယ်"

"ဘာ၊ ဒါဆိုရင် မင်းက ဘာဖြစ်လို့ ငါ့ကိုမတားရတာလဲ... ဒါသူငယ်ချင်းလားကွ"

"မင်းဘာဖြစ်လို့ ငါ့ကို စိတ်ဆိုးရတာလဲ၊ ညတုံးက မင်းက အဲ့ဒီလိုပြောတော့ ငါက တကယ်ပျံနိုင်မယ်လို့ ထင်လိုက်တာကိုး ကွ"

 

Credit : စိုးချစ်ဦး



အောင်မြင့်မြတ်(Myanmar Youths)

No comments