ကဲ...ဘယ်လိုဖြေကြမလဲ?
ကုန်တင်ကားတစ်စီးနှင့် ယာဉ်တိုက်မှုဖြစ်ခဲ့သော လယ်သမားကြီးတစ်ဦး အာမခံကုမ္ပဏီတွင် လျော်ကြေးရလိုကြောင်း လျှောက်ထားသည်။
ကုမ္ပဏီဝန်ထမ်းဖြစ်သူက စစ်ဆေးမေးမြန်းသည်။
“ယာဉ်တိုက်မှုနဲ့ပက်သက်ပြီး ဦးအစီရင်ခံတဲ့အထဲမှာ ကိုယ်ပေါ်မှာ ဒဏ်ရာ တော်တော်များများ ရခဲ့တဲ့အကြောင်း ရေးထားတာတွေ့ရတယ်၊ ဒါပေမယ့် အခင်းဖြစ်တဲ့နေရာကို ရောက်လာခဲ့တဲ့ ရဲသားရဲ့ မှတ်တမ်းထဲမှာတော့ ဘာမှမဖြစ်ဘူးဆိုပြီး မှတ်ထားတာတွေ့ရတယ် ဟုတ်ပါသလား”
“အေး ဟုတ်တယ် ဒါပေမယ့် အဖြစ်မှန်က ငါ့လှည်းနဲ့ ကုန်ကားကြီး တိုက်ပြီးရော၊ ငါ့မြင်းက ခြေထောက်သွင်သွင်ကျိုးပြီး လမ်းဘေးကို လဲသွားတယ်၊ ငါ့ ခွေးလည်း အရိုးတွေကျိုးသွားလို့ တအီအီပဲ အော်နိုင်တော့တယ်၊ အဲဒီအချိန်မှာ ရဲငနဲကရောက်ချလာပြီး မြင်းအခြေအနေ ဘယ်လိုလဲဆိုပြီး ငါ့မြင်းကြီးကို ကြည့်တယ်။ ပြီးတော့ သူ့ခါးထဲက သေနတ်ကိုထုတ်ပြီး ပစ်သတ်လိုက်ပါရော။
နောက်ခွေးအခြေအနေဘယ်လိုနေလဲဆိုပြီး ငါ့ခွေးကို ကြည့်တယ်၊ ခေါင်းကိုရမ်းလိုက်ပြီး တစ်ဆက်တည်း ပစ်သတ်ပြန်ရော၊ နောက် ငါ့ဘက်လျှောက်လာပြီး မေးတယ်။
'အန်ကယ်ကြီး အခြေအနေကောင်းရဲ့လား' တဲ့။
ကဲ ငါ့နေရာမှာဆို မင်းဘာပြန်ဖြေမလဲ”
Credit : Po Po
အောင်မြင့်မြတ်(Myanmar Youths)
Post a Comment