လူလည်ပန်ကာ
အချိန်က ညီအစ်ကို မသိတသိ။ နွားရိုင်းသွင်းချိန်ဟုလည်း ဆိုနိုင်သည်။
နေရာကား လူသူသွားအလာ နည်းပါးလှသည့်နေရာ။
ထိုအချိန် ထိုနေရာဝယ် လူဆိုးနှစ်ဦးသည် လူတစ်ယောက်အလာကို ပုန်းကွယ်စောင့်စားရင်းမှ အခွင့်သာသည်နှင့် ဝင်ေ၇ာက် တိုက်ခိုက် လုယက်လေတော့သည်။
အရွယ်ချင်း အင်အားချင်းက မမျှတ။
သည်တော့လည်း ခရီးသွားမှာ လူယက်သူနှစ်ဦးကို လက်မြှောက်အရှုံးပေးရပါလေတော့၏။ ဤတွင် ခရီးသွားထံမှ အဖိုးတန်ပစ္စည်းနှင့် ငွေကြေးများကို ရှာလေသော်ကံမကောင်းစွာ တစ်ထောင်တန်လေးတစ်ရွက်သာ ရသည်။ သည်တော့ လုယက်သူတို့မှာ မကျေမချမ်း။
“ဟေ့ကောင်ရာ မင်းနှယ် ဘာမျှအဖြစ်မရှိလိုက်တာ။ တစ်ထောင်တန်လေး တစ်ရွက်အတွက် အသားအနာခံပြီး တို့နှစ်ယောက်ကိုတောင် တုံ့ပြန် တိုက်ခိုက်ရဲတယ်။ ခုတော့ ဒဏ်ရာအနာတရ ရပြီးမဟုတ်လား”
သည်တော့ လုယက်ခံရသူက ဘာများ ပြန်ပြောပါသနည်း။
“မခုခံလို့ရမလားဗျ။ ကျုပ်ရဲ့အတွင်းခံ ဘောင်းဘီအိတ်ထဲမှာ ဆွဲကြိုးတစ်ကုံး ဝှက်ထားတဲ့ဥစ္စာ”
 
Credit - ကိုရွှေတောသား
#
အောင်မြင့်မြတ်(Myanmar Youths)
Post a Comment