တစ်ခွက်ထဲပါ
လင်မယားနှစ်ယောက် ရန်ဖြစ်ကြ၍ ယောကျာင်္းသည် စိတ်ညစ်ပြီး အရက်များကို အလွန်အကျွံသောက်၍ လာလေသည်။ ထိုအခါ မိန်းမသည် အိမ်ပေါက်ဝမှဆီး၍ ရန်တွေ့လိုက်ပါသည်။
မိန်းမ။ ။ “ ဟဲ့…. နင် ဒီလောက်မူးရူးလာသလား၊ သွား…. ငါ့အိမ်ပေါ်မတက်နဲ့ ၊ သွား”
ယောကျာင်္း။ ။ “မဟုတ်ရပါဘူး မိန်းမရာ၊ တစ်ခွက်တည်းပါ”
ထိုအခါ မိန်းမသည် စိတ်တိုတိုနှင့် ယောကျာင်္းဖြစ်သူအား အော်ထည့်လိုက်လေသည်။
မိန်းမ။ ။ “ ဘာတစ်ခွက်တည်းလဲ ၊ ရှင့်တစ်ခွက်က စည်ပေပါကို ကိုင်းတပ်ထားတဲ့ ခွက်ကြီးလား” ဟူ၍ ဖြစ်သည်။
Credit - စိန်ငှက်ရိုး
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
Post a Comment