ကောက်ရိုးရှားပါးပုံ
ကျီးသဲက သူငယ်ချင်းတစ်ယောက် လှတောသား လယ်သမားထံ ရောက် လာပါတယ်။ အကြောင်းကိစ္စက ကောက်ရိုးလှည်း တစ်စီးတိုက်လောက်ပေးပါ။ သို့မဟုတ် ရောင်းပါ လာပြောတာပါ။
“ မင်းတို့ဘက်က လယ်တွေ ဒါလောက် မိုးမှန် မိုးကောင်းလျက်နဲ့ ကောက်ရိုးလာတောင်းရတယ်လို့ကွာ၊ သူငှေးက ခွက်လက်ဆွဲပြီး သူကြွယ်အိမ်ရှေ့လာတောင်းရင် ဘယ်ကောင်းမလဲ ငါ့လူရာ”
“ ရမ်းပြီး ပြောလိုက်လေ လှတောသားရယ်၊ ရိတ်ထားတဲ့ ကောက်ပင်တွေ မိုးရေထဲမှာ မျောတာ မင်းမြင်စေချင်တယ်။ ရဝမ်ဒါ စစ်ပြေးတွေလား မှတ်ရဟေ့’
“ မင်းတစ်ယောက်တည်း ရေနစ်တာပဲ၊ တခြားလယ်သမားတွေဆီမှာ ကောက်ရိုးပေါမှပေါ”
တစ်ရွာလုံး ကောက်ရိုးရှားချက်ကတော့ ကြက်မတမ်းတွေ သူတို့ရဲ့ရှေ့ရေးကို တော်တော်ရင်လေးနေကြရှာတယ်။ ဘာကြောင့်လဲဆိုတော့ ကြက်မြုံထဲမှာ ထည့်စရာကောက်ရိုးလေး ငါးပင်တောင် မရှိလို့ပဲ။
ကျီးသဲလည်း လှတောနဲ့ တစ်ကြောတည်း မဟုတ်လား၊ပြောလိုက်မှဖြင့် မချိမဆံချည်းပေါ့။
Credit – လှတောသား
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
Post a Comment