ပုံပြင်ဆန်း
ဟိုးရှေးရှေးတုန်းက တောနက်ကြီးထဲမှာ လှပတင့်တယ်တဲ့ ကြာကန်ကြီးတစ်ကန်ရှိတယ်ကွဲ့၊ အဲဒီကြာကန် ကြီးမှာ လူသားစား ဘီလူးမကြီး စောင့်နေတာဆိုတော့ ဘယ်သူမှ ကြာပန်းတွေကို မခူးရဲဘူးတဲ့။ တစ်နေ့တော့ လူတစ်ယောက်ဟာ အရဲစွန့်ပြီး ကြာပန်းသွားခူးတာပေါ့။ ဘီလူးမ လာတာလဲသိရော ပြေးမလွတ်မှန်းသိလို့ ရေထဲကို ခေါင်းနှစ်ပြီး ငုံ့နေလိုက်ရသတဲ့။ အဲဒီအခါ ကြာကန်ထဲမှာ ဖင်ဘူးတောင်း ထောင်သလိုဖြစ်နေတာပေါ့။ အဲဒါကို ဘီလူးမ မြင်တော့---
``ဟယ်-- ငါ့ကြာကန်ထဲမှာ ထူးထူးဆန်းဆန်း ဘာပင်ပေါက်နေတာပါလိမ့်-- အယ်တော်--- အသီးလေးနှစ်လုံးတောင် သီးနေပါရော့လား --- ကြည့်စမ်း နုနုလေးရှိသေးတာပဲ မနက်ဖန်မှ တစ်ခေါက်လာကြည့်ဦးမယ်-----``
အဲဒီလိုပြောပြီး ပြန်ထွက်သွားသတဲ့။ အဲဒီလူဟာ ကြာပန်းတွေ ခူးပြီး အိမ်ပြန်ရောက်တော့ သူ့မိန်းမက အတော်အံ့သြနေသတဲ့။ ရှင့်ကို ဘီလူးမက ရန်မပြုဘူးလား လို့မေးတော့ အဲဒီလူလဲ သူဘီလူးမနဲ့တွေ့တော့ ရေထဲမှာ ခေါင်းငုံ့နေလိုက်လို့ ဘီလူးမ ရန်မလုပ်ကြောင်း ရှင်မလည်း နောက်ဆို ကြာပန်းသွားခူးရင် ဘီလူးမ လာတာနဲ့ အဲလိုလုပ်ဘို့သင်ပေးတယ်တဲ့။
ဒါနဲ့ နောက်နေ့ မိန်းမလုပ်တဲ့သူ သွားခူးတာပေါ့။ ထုံးစံအတိုင်း ဘီလူးမ လာတော့ သူ့ယောကျာင်္း မှာသလို ရေထဲခေါင်းငုံ့ထားလိုက်တယ်။ ဒီတစ်ခါ ဘီလူးမဟာ ထူးဆန်းတဲ့အပင်ကို သေချာကြည့်ရင်း အံ့သြဝမ်းနည်းစွာ ပြောလိုက်တာကတော့--
``အယ်တော်--- အသီးကလည်း မြန်လိုက်တာ မနေ့ကမှ နုနုကလေးရယ် ဒီနေ့တော့ ရင့်ပြီး ကွဲထွက်လို့တောင်သွားပါပေါ့လား နှမြောလိုက်တာ `` တဲ့။
Credit - ကိုစိုးနိုင်
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
Post a Comment