Header Ads

ဆန်ကွဲမှစသောစကား

‘အောင်မယ်၊ မင်းက ဘာသိတုန်း၊ လယ်ထဲနဲ့ အိမ်ပဲ ကူးလူးနေတာ၊ ဘာမှမသိဘူး၊ ဆန်ကွဲတစ်ပြည် နှစ်ဆယ်တဲ့ဗျား”


လက်ဘက်ရည်ဆိုင်အဝက ဘယ်ဘက်စားပွဲမှာ ထိုင်နေတဲ့ လူနှစ်ယောက် ကျယ်လောင်ကျယ်လောင် ပြောနေတာလေ။


“ဆန်ကွဲအဖြုန်းဆုံးက မုန့်ဟင်းခါးပေကိုး၊ မုန့်ဟင်းခါးဆိုင်ကလည်း ပြေးမလွတ်ဘူး”


“ဟုတ်ပါတယ်၊ မုန်စလင်းတောင့်၊ မုန့်စိမ်းပေါင်း၊ မုန့်ပျားသလက် အကုန်လုံး ဆန်ကွဲနဲ့ လုပ်ကြရတာပါပဲ၊ အခုလောက်ဈေးကြီးနေတာက မုန့်လုပ်ဖို့ချည်း မဟုတ်ဘူး”


“ဆန်ကွဲမုန့်မလုပ်လို့ ဘာလုပ်စရာရှိသေးလို့လဲ”

ဒုတိယလူဟာ တကယ့်ကို မသိတဲ့ ပုံပါပဲ။


“အလိုလေးလူရယ်၊ မင်းလယ်လဲ စပါးတွေထွက်၊ မင်းအိမ်က ပုတ်ထဲမှာ စပါးတွေပြည့်နေပေမယ့် အနောက်တောက လူတွေကျတော့ ငါတို့ဆီကလို ဆည်မရှိ၊မြောင်းမရှိ၊ မိုးခေါင်ရင် သွားရော…. မျိုးဆုံးတာပဲ”


“လက်စသတ်တော့ ဆန်ကွဲဈေးကြီးတာ သူတို့ကြောင့်ကိုး”


“ဒါပေါ့၊ အဲဒီဘက်ကလူတွေ ကျပ်တည်းပုံများ စီးကရက်ဘူးထဲကို ဂေါ်ဇီလာဝင်နေသလား မှတ်ရ”


အများသူငါ ကြားနေကျစကားမှာ “ဝါးလုံးခေါင်းထဲ ဆင်ဝင်နေတာထက် ကျပ်တည်းသာ” ဖြစ်တယ်။ ယခု ကြားနေကျ မဟုတ်တဲ့ အနှိုင်းစကားကို သုံးလိုက်တဲ့အတွက် တခြားစားပွဲက လူတွေပါ ရယ်မောကြတော့တယ်။

 

Credit – လှတောသား



ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments