Header Ads

မိအေးရဲ့Post


""ဟဲ့ ငါ့ဖေ့ဘုတ်အကောင့်လေးက လူများလာပြီအေ့""လို့ အလန့်
တကြားအော်ပြောနေသံကို သူ့ဘေးကအမျိုးသမီးက နှုတ်ခမ်းလေးရွဲ့ကာမဲ့ကာနဲ့
""အမလေးအေ ညည်းကဘယ်လောက်များနေလို့တုန်းးးးး
သုံးတာမှရက်ပိုင်းရှိတာများ ဟွန်းးမိန်းမ သတိထားသုံးနော်
ဟိုဟာတွေ ဒီဟာတွေ လိုက် မပေးနဲ့ငါ့ဆီမှာ လာလာပေါ်တယ်အေ့"""

""ဟယ် ဟုတ်လားး အမလေး ငါကဘယ်သူမှ မသိဘူးထင်နေတာ
အမလေးး အမလေးး ရှက်လိုက်တာအေ"""

ထိုအချိန်တွင် အမျိုးသမီးကြီးတစ်ဦးက သူတို့ရှေ့လာရပ်ပြီးး
"""ချဉ်ပေါင်ရွက် ဘယ်လိုရောင်းလဲ ""လို့ အသံမြှင့်ပြီး
မေးလိုက်ကာမှ မိအေး နဲ့ မသင်း လက်ထဲကဖုန်းတွေအသာချုပြီး
ဈေးဆက်ရောင်းနေကြလေရဲ့။

ဈေးဝယ်ထွက်သွားတော့ မိအေးက
""ဟွန်းးးးဝတ်ထားတဲ့ရွှေတွေမှ အားမနာတော် ဆစ်လိုက်တဲ့ဈေးး
မိလုံးတင်တို့ဘက် မသွားခင် သူတို့သတိထားလို့ရအောင်
ပို့တင်ဦးမှာပါ""ဆိုပြီးးးရေးလိုက်တာက

"""ခပ်ဝဝ မိန်းမ ဇေးစစ် ကြမ်းချက် နှိုင်းလောက်ပဲ
ကောင်မတို့ရေ သတိထားးကြ အများသိအောင် ရှဲပေးကြဦးး
ခွက်ဒစ်မပေးရင်တော့ မိအေးတဲ့ တစ်အေးထဲရှိတယ်နော်
ပြီးမှ မနာကြနဲ့ လိုင်းပေါ်တက်ဆဲမှာ"""" တဲ့။

 

Credit - Aungsoeoo


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments