Header Ads

ရိုက်ချင်ပေမဲ့

ရိုက်ချင်ပေမယ့်

ရွာတစ်ရွာတွင် သာလှနှင့် ဖိုးထောင်တို့ စကားများရာ ဖိုးထောင်က ခေါင်းကိုထိုးခံပြီး ပြောလိုက်သည်။

‘ဟေ့ သာလှ ရိုက်စမ်းပါ၊ ရိုက်ရဲရင် ရိုက်စမ်းပါ’

သာလှသည် ဒေါသနှင့် ရိုက်ထည့်လိုက်သည်။ ထို့နောက် ကျေရာကျေကြောင်း တောင်းပန်ဆေးကုသပေးရင်း သာလှ ကျွဲတစ်ကောင် ပြုတ်သွားသည်။ တစ်နှစ်အကြာတွင် သူတို့နှစ်ယောက် ရန်ဖြစ်ကြပြန်ရာ စိတ်မြန်သော သာလှက တုတ်ဆွဲပြန်၍ ဖိုးထောင်က ပြောလိုက်ပြန်သည်။

‘ရိုက်ရဲရင် ရိုက်စမ်းပါ’

သာလှ တုတ်ကို လွှတ်ချပြီး ပြောလိုက်သည်။

‘ရိုက်တော့ ရိုက်ချင်တာပေါ့ကွာ။ ဟွန်း….. ကျွဲက တစ်ကောင်တည်းကျန်တော့လို့’

 

Credit - ရဲစတိုင်း


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments