Header Ads

သူ့အမြင်

သူ့အမြင်

လူတစ်ယောက်သည် မော်ဒန်ပန်းချီပြပွဲသို့ လာရောက်ကြည့်ရှုသည်။ ပန်းချီကားများကို တမေ့တမော ခံစားကြည့်ရှုလာရင်း တစ်နေရာသို့ အရောက်တွင် နံရံတွင်ရေးထားသော အရုပ်တစ်ရုပ်ကိုကြည့်ပြီး ပန်းချီဆရာဆိုလိုသည့်အဓိပ္ပာယ်ကို စဉ်းစားမရဖြစ်နေသဖြင့် ဖြတ်သွားသူတစ်ယောက်အား မေးလိုက်သည်။

‘မိတ်ဆွေ တစ်ဆိတ်လောက်ဗျာ။ ဒီပုံက ဘာကို ဆိုလိုချင်သလဲဆိုတာ ဝိုင်းစဉ်းစားပေးပါလား’

‘ဘယ်ပုံလဲဗျာ’

‘ဒီပုံလေဗျာ ဆေးအနီလေးနဲ့ ရေးထားတဲ့ဟာလေ၊ ကျွန်တော်ကတော့ လူရုပ်လို့ထင်တယ်၊ ပြီးတော့ မြားလေးကလည်း ညွှန်ထားသေးတယ်။ ပန်းချီဆရာ ဘာကိုဆိုလိုချင်သလဲ အဓိပ္ပာယ်ဖော်လို့မရဘူး ဖြစ်နေတယ်’

‘အဲဒါ ယောကျာ်းအိမ်သာသို့လို့ လမ်းညွှန်းထားတာလေဗျာ’

 

Credit - ရဲစတိုင်း


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments