သနပ်ခါးသွေးသံ
မိန်းကလေးများအသက် 18 နှစ်အရွယ်မှာ သနပ်ခါးသွေးလိမ်းတော့ သနပ်ခါးသွေးလိမ်းတဲ့အသံက
ရွေးယူ ရွေးယူ
လို့အော်သတဲ့ အင်းဟုတ်လောက်ပါတယ်လေ အဲ့အချိန်မှာဆိုတော့ ၀ယမာန်လို့ဆိုတဲ့အရွယ်လေးကရနေသေးတာကို .............
နောက်တစ်ခါ အသက် 28 နှစ်လောက်လည်းရောက်ရော သူတို့သနပ်ခါးသွေးလိမ်းတဲ့အသံက
အရွေးလွန်မယ် အရွေးလွန်မယ်
လို့ မည်သတဲ့ အင်းသေချာစဉ်းစားကြည့်တော့လည်း ဟုတ်ပါတယ်လေ ဘာလို့လည်းဆိုတော့ အသက် 28နှစ်အရွံယ်ဆိုတာ အပျိုဟိုင်းဖြစ်တော့မယ်မဟုတ်လား အဲ့အချိန်မှ ရွေးနေတုန်းဆိုရင် မိမိ အပျိုကြီးဖြစ်သွားနိုင်တယ်မလား....သဘာဝကျပါတယ်လေ
နောက်ဆုံး အသက် 32 နှစ်လောက်အရွယ်ကိုရောက်ပီဆိုရင် သူတို့သနပ်ခါးသွေးလိမ်းတဲ့အသံက
ရတာယူ ရတာယူ
လို့မြည်သတဲ့ အဲ့ဒါပိုသေချာလောက်တယ် ဘာလို့လည်းဆိုတော့ အဲ့အရွယ်ဆိုရင် အပျိုဟိုင်းဖြစ်ရုံမကလို့ တစ်ဆိတ်တောင်လွန်နေပီမဟုတ်လား..............ဟိဟိ
Credit - ကိုဖိုးတာ
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
Post a Comment