တရားမျှတပါပေတယ်
### Unicode Version ###
တစ်ခါက ရွာတစ်ရွာရှိ မောင်အေး၏ ဟင်းသီးဟင်းရွက်စိုက်ခင်းတွင်းသို့ ဆိတ်တစ်ကောင် ဝင်စားလေသည်။မောင်အေးသည် ဒေါသထွက်ထွက်နှင့် ဆိတ်ကို ဓားနှင့်ခုတ်ရာဆိတ်သေလေ သည်။
ထိုအကြောင်းကို ဆိတ်ပိုင်ရှင် မောင်ခွေးသိသော် သူ့ဆိတ်သေရ၍ မကျေ နပ်ဖြစ်ကာ ထင်းတုံးနှင့် ကောက်ပစ်လေရာ မောင်အေးမိန်းမကိုယ်ဝန်သုံးလ ပျက်ကျလေသည်။
ဤပြဿနာသည်နောက်ဆုံးကျေးရွာအုပ်ချုပ်ရေးမှူးထံရောက်လာရာအုပ်ချုပ်ရေးမှူး က ဤသို့ ဆုံးဖြတ်ပေးလိုက်လေသည်။
'' မောင်အေးသည် မောင်ခွေးဆိတ်ကို ဓားနှင့်ခုတ်၍ ဆိတ်သေ ရသဖြင့် မောင်အေးသည် မောင်ခွေးကို ဆိတ်တစ်ကောင် အစားပြန်လျော်စေ''
''မောင်ခွေး ထင်းတုံးနှင့်ပစ်၍ မောင်အေးမိန်းမ ကိုယ်ဝန်သုံးလ ပျက်ကျရ သဖြင့် မောင်ခွေးသည် မောင်အေးမိန်းမအားကိုယ်ဝန်သုံးလရှိအောင် ပြန် လုပ်ပေးစေ''
Credit - ဟာသပုံပြင်များ
Post a Comment