ဆုတောင်း
### ZAwgyi Version ###
Credit - ဖတ်ဖူးသမျှ 
### Unicode Version ###
ချစ်သူများနေ့မှာ အလယ်တန်းတုန်းက ကျွန်တော်တိတ်တခိုးချစ်ခဲ့ရတဲ့ ကောင်မလေးကို sms ပို့လိုက်တယ်။ “တကယ်လို့ ဆန်ပြုတ်တစ်ခွက်ရှိရင်၊ နင့်ကို တစ်ဝက်အရင်တိုက်မယ်၊ ကျန်တစ်ဝက်ကို အေးမသွားအောင် ငါ့ရင်ခွင်ထဲထည့်ထားမယ်”ပေါ့။မိနစ်အနည်းငယ်အတွင်းမှာ သူ့ဆီက ပြန်ပို့လိုက်တဲ့စာရတယ်။ “နင့်ကို ဘယ်သူမိတ်ဆက်ပေးတာလဲ? တစ်ခါ ၄ဝဝဝ၊ ညပါရင် ရဝဝဝ” တဲ့။
ဒီနေ့တစ်နေကုန် နေလို့မကောင်းဘူး။ မနေ့ညက တဘက်သတ်စွဲလမ်းခဲ့တဲ့ ကောင်မလေးကို sms ပို့လိုက်တာ သူက တစ်ခါ ၄ဝဝဝတဲ့ စာပြန်တယ်။ သူ လမ်းမှားနေပြီ။ စိတ်မကောင်းဖြစ်မိတယ်။ ဝမ်းနည်းမိတယ်။ ပိုက်ဆံအိတ်ထုတ်ပြီး ပိုက်ဆံရှာကြည့်တော့ ကျွန်တော်ပိုဝမ်းနည်းသွားတယ်။ သူနဲ့အတူ လမ်းလိုက်မှားဖို့ ကျွန်တော့်မှာ အရင်းတောင်မရှိခဲ့ပါလား
တစ်ည ထမင်းစားပြီး ဝရန်တာမှာ ဆေးလိပ်ထိုင်ဖွာနေတုန်း ကောင်းကင်ပေါ်မှာ ရုတ်တရက်အလင်းတန်းတစ်ခု ဖြတ်သွားတယ်။ ကြယ်ကြွေပြီဆိုပြီး ဆု ၄,၅,၆ခုလောက် တောင်းလိုက်တယ်။ ဆုတောင်းပြီးကြည့်လိုက်တော့ ဆေးလိပ်ကတိုနေပြီ။ နှစ်ချက်လောက်ဖွာပြီး လွင့်ပစ်လိုက်တယ်။ အဲဒီမှာ အောက်ထပ်က ကောင်မလေးတစ်ယောက် ရုတ်တရက်ထအော်တယ်။ “ဟော… ကြယ်ကြွေပြီ… မြန်မြန်ဆုတောင်း”တဲ့။
Credit - ဖတ်ဖူးသမျှ 
Post a Comment