ကျယ်သောအရာ
၁၉၈၈ မတိုင်မီက ဖြစ်ရပ်တစ်ခု။ စတုတ္ထတန်း မြန်မာစာမေးခွန်းတွင် သံတူကြောင်းကွဲသတ်ပုံ မေးခွန်းတစ်ခု ပါဝင်ပါသည်။ ဝါကျဖွဲ့ရခြင်းဖြစ်သည်။
ကျောင်းသားတစ်ယောက်က “ကြယ်နှင့်ကျယ်” ကို ဝါကျဖွဲ့ရာ၌ ယခုလိုဖွဲ့ဆို လိုက်သည်။ “ဆရာကြီးဦးဘကြယ်သည် ဖင်ခေါင်း အလွန်ကျယ်ပါသည်။” စာစစ်သူကျောင်းအုပ်ကြီး၏အမည်မှာ ဦးဘကြယ် ဖြစ်သည်။
ဆရာကြီးခမျာ အောင့်သက်သက်ဖြစ်ရသော်လည်း ကျောင်းသား၏ ဝါကျတည်ဆောက်ပုံ မှန်နေသည့်အတွက် အမှတ်ပေးလိုက်ရတော့သည်။ (ဤဝါကျမှာ ကလေး၏ အစွမ်းမဟုတ်ကြောင်း နောင်မှ သိရ၏)
(မော်လိုက်မြို့နယ်၊ ကောင်းကွေဆရာကြီး ဦးပြုံးချို၏ ပြောပြချက်ကို ခပ်တည်တည်ဖြင့် ရေးလိုက်ခြင်းသာ)
Credit - မောင်ဇီးယို၊ ချောင်းဦး
Post a Comment