Header Ads

မိသားစုစည်းကမ်း

အလွန်ကြီးမားကျယ်ဝန်းသော ကုန်တိုက်ကြီးတစ်ခုထဲတွင် အမျိုးသမီးတစ်ဦးသည် ကလေးငယ် ၂ ယောက်နှင့် အတူ ဈေးဝယ်ရန် ဝင်ရောက်လာသည်။ ကလေးငယ်တစ်ဦး မှာ ၂ နှစ်အရွယ်ခန့်နှင့် တစ်ဦးမှာ ၄ နှစ်အရွယ်ခန့်ဖြစ်သည်။ ကလေးတို့မှာ ကုန်တိုက်ခန်းမကြီးထဲသို့ အမျိုးသမီးရှေ့မှ ပြေးလွှားသွားနေကြ၏။ မကြာမီ သူမက မီးဝါ ဟု လှမ်းအော်လိုက်သည်။ ကလေးနှစ်ဦးသည် ရုတ်ခြည်းပင် အပြေးရပ်သွားကြပြီး ဖြည်းဖြည်းမှန်မှန် လျှောက်သွားတော့သည်။
ဈေးဝယ်သူ များပြားရှုပ်ထွေးနေသည့် နေရာသို့ သားအမိ သုံးဦးစလုံး ရောက်လာကြသည်။ မီးနီ ဟု မိခင်က အော်လိုက်သည်။ ကလေးတို့ ဆက်မသွားတော့ဘဲ ရပ်နေလိုက်ကြသည်။
မိခင်ကလည်း ကလေးတို့ကို မီလာပြီး မီးစိမ်း ဟု သူမ အသံကြားလိုက်ရလျှင် ကလေးတို့သည် အနီးဝန်းကျင်၌ သူတို့သားအမိများအား သဘောကျ၍ ကြည့်နေသည့် ဈေးဝယ် သူတို့အလယ်မှ အားရဝမ်းသာ ခုန်ပေါက်ပြေးလွှားထွက်သွား ကြလေ၏။

Credit - စိန်ငှက်ရိုး

No comments