Header Ads

မိဘနဲ့မိခင်

မူလတန်းကျောင်းတစ်ကျောင်းတွင် ကျောင်းအုပ်ဆရာမကြီးသည် MRC များကို စစ်ဆေးနေစဉ် တစ်ခုသော MRC ကို ဖတ်မိရာက ဒေါသဖြစ်သွားတော့၏။

ထို့ကြောင့် ….
“ဟေ့ မိနု၊ လာစမ်း၊ မိဘ လက်မှတ် ထိုးပါဆိုတဲ့နေရာမှာ ဘယ့်နှယ် မိခင်လို့ ထိုးပေးလိုက်တာလဲ”

မိနုဆိုသည့် ကလေး မဖြေရှင်းနိုင်တော့ပြီ။ အော်ငေါက်ခံရသည့်အတွက် လည်း ငိုတော့မလိုဖြစ်နေပါပြီ။ ဆရာမကြီး၏ စိတ်ဆိုးဒေါသက မပြေ။ ဆက်ပြီးမေးနေတော့၏။ ကလေးတွေ ဒီလောက်တုံးရသလား ဟုလည်း  တွေးထင်နေ၏။ ခဏကြာသောအခါ အခြားကလေးတစ်ယောက်က ထ၍ ရှင်းပြလေသည်။ ထိုအခါ မှ ဆရာမကြီး သဘောပေါက်သွားပြီး တဟဲဟဲ ထရယ်တော့သည်။

အခြာကလေးရှင်းပြလိုက်ပုံက ယခုလိုဖြစ်သည်။“ဆရာမကြီးရှင့်၊ သူ့အမေနာမည်က ဒေါ်မိခင် ပါရှင့်”

Credit - မောင်ဇီးယို၊ ချောင်းဦး။

No comments