Header Ads

နောက်ဆိုမြောင်းဘေးမှာ..ကားမရပ်ပါနဲ့ဦးလေးရယ်

တစ်လောက..Taxi စီးရင်းDriverဦးလေးကြီးက သူသရဲခြောက်ခံရတဲ့ အကြောင်းကိုပြောပြတယ်

''အဲ့နေ့က..ည၁၀နာရီလောက်ရှိရောပေါ့ကွာ မင်္ဂလာဒုံဘက်ကို ရောက်နေတာ ဦးက မြို့ထဲပြန်မှာ ကားပြန်အပ်တော့မယ်ပေါ့ကွာ တစ်ခေါက်ပီးရင်တော့၊အဲ့ချိန်မှာ မိန်းမတစ်ယောက်တားတယ် ဆံပင်ရှည်ကို ဖားလျားချထားတယ် အင်္ကျီကလဲ အဖြူရောင်ကွာ ခါးရှည်ပေါ့ ပြောတဲ့နေရာကလည်းလမ်းကြုံနေတယ် နဲနဲပဲဝင်ရမှာ တက်ခိုင်းလိုက်တာပေါ့ကွာ ကားထွက်တော့မှ ကြက်သီးတွေကတစ်ဖြန်းဖြန်းထလာတယ်...
သရဲမများလားမသိဘူးဟ...နောက်ကနေ ဂုတ်ချိုးပြီးသတ်ရင်တော့ အခက်ဟ ဆိုပြီးလန့်လာရော Back မှန်ကကြည့်တော့လည်းငြိမ်လို့ ဆံပင်တွေကလည်းလွင့်လို့ငါလည်း အသက်တောင်ကောင်းကောင်းမရှူရဲဘူးကွာ အဲ့လိုနဲ့သူပို့ခိုင်းတဲ့ လမ်းရောက်ပါလေရော ခွေးတွေကလည်း အဲ့ချိန်အူချက်ကွာ မရပ်တော့ဘူး၊အိမ်ကမြင်နေရပြီးငါလည်းလျှောက်ပြောရတာပေါ့ လမ်းထဲဝင်ရင် ကားက ထွက်လို့မရလောက်ဘူး၊ဘာညာနဲ့ပြော 

အတင်းတောင်းပန်ပြီးလမ်းထိပ်တင်ရပ်ပေးလိုက်တယ်။ ပိုက်ဆံမယူတော့ဘူးပြောတာကို အတင်းပေးသွားသေးတယ်၊ထူးဆန်းပုံက ဆင်းဆင်းချင်းတင် အသံမကြားပဲပျောက်သွားတာ တစ်သက်နဲ့တစ်ကိုယ်ကွာမကြုံဖူးဘူး၊နောက်တံခါးကလဲ မပိတ်သွားဘူး၊အဲ့ဒါနဲ့ဘုရားစာတွေ ရွတ်ပြီး ကားတံခါးကို ဖွင့်လိုက်တယ်၊ဆင်းပြီး သွားပိတ်မယ်ပေါ့ ကားပေါ်ကဆင်း လိုက်တဲ့အချိန်မှာစဉ်းစားမိတယ်ပြန်လှည့်လာရင်တော့ သေပြီလို့  တွေးနေတာပေါ့ကွာ
.
.
အဲ့ချိန်ဗြုန်းဆို...

ခြေထောက်ကိုလက်အေးအေးကြီး တစ်ဖက်က လှမ်းဆွဲတယ်၊ငါလည်းလှမ်းကြည့်တော့..
ဟိုမိန်းမခေါင်းကြီးငါ့ခြေထောက်နားမှာလေ...
အားပါးပါး ဆံပင်မှာလည်းရေတွေရွှဲလို့ ငါတော့ မြတ်စွာဘုရားကိုအာရုံပြုလိုက်တယ် ငါတော့သွားပြီလို့
အဲ့ချိန်ဗြုန်းဆို အသံတစ်သံကြားတယ်
.
.
.
"နောက်ဆိုမြောင်းဘေးမှာ..ကားမရပ်ပါနဲ့ဦးလေးရယ်" တဲ့ 

Credit- ဟီးဟီးဟားဟား ဟာသမား


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments