Header Ads

ချစ်သူ့အဝယ်တော်

ချစ်သူ့အဝယ်တော် i

"ကိုရီးး သဲ အချင်ပေါင်းစားချင်တယ် "
" ခဏစောင့် ကိုရီးး သွားဝယ်လိုက်မယ်"

"ကိုရီးး သဲ နေကြာစေ့ စားချင်တယ် "
" ok ကိုရီး သွားဝယ်ပေးမယ် "

"ကိုရီးး သဲ ရေသောက်ချင်တယ် "
" ရတယ် ကိုရီးး သွားဝယ်လိုက်မယ် "
ချိန်းတွေ့ဖြစ်တဲ့နေ့များဆို မျက်လုံးလေးပင့်နှုတ်ခမ်းလေး ဆူလာပီဆိုရင် သူတခုခုဝယ်ခိုင်းတော့မယ်ဆိုတာ ကျနော် အထာနှပ်နေပီလေ ~ ချစ်သူသက်တမ်းကြာလာတော့ သူနဲ့ချိန်းတွေ့တော့မယ်ဆိုရင် ကျောပိုးလွယ်အိတ်ထဲမှာ အချဉ်ပေါင်းစုံ - နေကြာစေ့အမျိုးမျိုး - ရေသန့်ဘူး- တစ်ရှုး အစုံထည့်ပီးသားပေါ့ဗျာ ~ ဒီလိုနဲ့ တနေ့

"ကိုရီးးးး" မျက်လုံးလေးပင့်ပီး ခေါ်လိုက်တော့ 
"ရော့" ဆိုပီးး ကျနော့ ကျောပိုးအိတ်ကို ဖွင့်ပြလိုက်တယ်

နှုတ်ခမ်းဆူ ခေါင်းလေးယမ်းပီး 
" အာ့တာတွေ တခုမှ မဟုတ်ဘူးး "
" ဒါဆို ကိုရီး ဘာဝယ်ပေးရမလဲ "

" သဲလေ သဲ " မခို့တရို့လေးနဲ့
"အင်းး ပြောလေ သဲ" ကျနောအသဲတယားယားဖစ်နေ

" သဲလေ အခုမှ mensturation ဖြစ်လာလို့"
ကျနော ပြူးသွားတယ် (မျက်လုံး)
"ဟင် အာ့တာ ကိုရီးက ဘာလုပ်ပေးရမှာလဲ"

"သဲကို လစဉ်သုံးပစ္စည်းနဲ့ အတွင်းခံသွားဝယ်ပေး"
" ဟာ အာ့တာတော့ သဲ ကိုယ်တိုင်သွားဝယ်လေ"

" ဒီမှာ သဲ ထလို့မရဘူးလေ ကိုရီး သွားဝယ်ပေး"
ကျနော ခေါင်းရှုပ်သွားတယ် ဘယ်နှယ့်ဗျာ လူကြားမကောင်း
"ပြောတော့ သဲအတွက် လမင်းကြီးကိုတောင် သွားပီး ဝယ်ပေးမယ်ဆို ခုကျတော့"ဆိုပီး ငိုယိုပေါက်ပေါက်ဖောက်နေတာနဲ့ ကိုင်း ကျုပ်ကျက်လိ ကြည့်ကျက်လုပ်တော့မယ်ဆိုပီး ဝယ်ပေးဖို့ထွက်ခဲ့လိုက်တော့တယ်။ ကျနော့မှာ ဟိုရှာဒီရှာနဲ့ ဇောချွေးများတောင် ပြန်လာတယ်။ ဟောတွေ့ပီ ဟေမာအမျိုးသမီးအသုံးအဆောင်နဲ့ အဝတ်အထည် တဲ့။ ဆိုင်ထဲမှာ အရောင်းကောင်မလေး ၃ဦးနဲ့ ဝယ်သူပါးနေလို့ တော်သေးတယ်။ ကျနော့မှာ ချီတုံချတုံ ရှေ့မျက်နှာနောက်ထားပီး ဆိုင်ထဲကို ဝင်လိုက်တော့တယ်။

" အကို ဘယ်သူနဲ့တွေ့ချင်လို့လဲရှင့်"
"ဟင့်အင်းး ဘယ်သူနဲ့မှ မတွေ့ချင်ပါဘူး"

"ဟင် ဒါဆို ဘာကိစ္စလဲ" တဲ့ မေးပုံက 
ဟုတ်တော့လဲ ဟုတ်ပါတယ်လေ ဒီဆိုင်က ယွကျားတွေနဲ့မှ မသက်ဆိုင်တာကို

"အကို့ ကောင်မလေးအတွက် ပစ္စည်းလာဝယ်တာပါ"
"ဟုတ် အကို ဘာပေးရမလဲ ရှင့်"

" ဟို ဟို အတွင်းခံဘောင်းဘီ တထည်လောက်"
" ရှင် :-o " 
ဒီတခါတော့ကောင်မလေး ပြူးသွားတယ် အံ့သြမင်တက်သွားတယ် ပီးမှ သတိလည်ပီး

" ဟုတ် အကို ဘယ်ဆိုဒ် ယူမလဲရှင့် " ပြုံးစိစိနဲ့
" ညီမ ဆိုဒ်လောက်သာ ပေးပါ"
"ရှင် " ကောင်မလေး ထပ်ပြူးသွားတယ် (မျက်လုံး)
"ညီမဘာသာ Lဆိုဒ်လောက် ရွေးပေးလို့ပြောတာပါ"

"ဒီဇိုင်းလေးနဲ့ အရောင် ရွေးပါ အကို"
ကျနောလည်း ရှက်ရှက်နဲ့ မြန်ရက်ပီးရောဆိုပီး ကို့ရှေ့က တွေ့တဲ့ တထည် ကောက်ပေးလိုက်တော့တယ်

" ရပီအကို ၃၅၀၀ ကျပါတယ် ရှင့်"
"နေပါဦး ညီမ နောက်တမျိုး ကျန်သေးတယ်"
" ဘာလဲ အကို ဘော်လီ ကျန်သေးလားအကို"
"ဟာာ မဟုတ်ပါဘူးဗျ"
"Aww ဒါဆို ဘာလိုချင်တာလဲ အကို"
"ဟို ဟို အမျိုးသမီးလစဉ်သုံး တခုလောက်ပါ"
"ရှင် :-o aww ဟုတ်ကဲ့ ရပါတယ်ရှင့် "
"အကို ဘယ်အမျိုးစားထဲက လိုချင်သလဲ အတောင်ပံလေးနဲ့လားး စုပ်အားကောင်းတဲ့ဟာလား "တဲ့

ဗုဒ္ဓော ကိုဒွေက သုံးနေကျမှမဟုတ်တာ ဘယ်သိမှာလဲ။ ဘာပြောလို ပြောရမှန်းကိုတောင် မသိဘူးးး နေ့ချင်းပြန်တောင် သေလိုက်ချင်သေးတယ် :-(
"ကြိုက်တာတခု ထည့်ပေးလိုက်ဟာ"
"ဒါက တထုပ် ၁၀၀၀ ဘောင်းဘီက ၃၅၀၀ စုစုပေါင်း ၄၅၀၀ပါ အကို"
ရှက်ရှက်နဲ့ အိတ်ထဲက ၅၀၀၀တန် ထုတ်ပေးပီး အမြန်ပြေးအထွက်

"အကို အကို " အရောင်းကောင်မလေး ခေါ်သံကြားတော့ 
"နေ နေ ညီမ ၅၀၀ ပြန်အမ်းမနေနဲ့တော့"
"မဟုတ်ဘူး အကို ပေးခဲ့တာက အမိန့်ရအပေါင်ဆိုင်ဆိုတဲ့လဖြတ်ပိုင်းကြီး"တဲ့ 
သေဇမ်း ကို့မှာ ရှက်ရှက်နဲ့ပေးခဲ့တာ ဟိုတနေ့က လက်စွပ်ပေါင်ထားတဲ့ ဖြတ်ပိုင်းကြီး သွားပေးမိတယ်။ ဒါနဲ့ပဲ အိတ်ထဲကပ်နေတဲ့ ၅၀၀၀တန်နဲ့လှဲပီး "sorry ညီမ"လို့ ပြောလိုက်ရတော့တယ်။ ဆိုင်ထဲက အထွက် "ငါလည်း အာ့လိုဝယ်ပေးနိုင်တဲ့ ချစ်သူတယောက်လောက် လိုချင်လိုက်တာ"ဆိုတဲ့ အရောင်းကောင်မလေးရဲ့စကားသံသဲ့သဲ့လေး ကြားလိုက်ရသေးတယ်။

"ရော့ သဲလေးး စစ်ကျိလိုက်အူး"
"ဟယ် ကိုရီးက အရွေးတော်သားပဲ အတွင်းခံဘောင်းဘီလေးက ဇာပန်းရောင်လေး သဲ သိပ်ကြိုက်တာ" 
"အာ့တာကြောင့် ကိုရီးကို ချစ်တာ မွ မွ :-*" ပေးတော့ ကို့မှာ အရဲစွန့်ဝယ်ခဲ့လိုက်ရတာ သူ့အပြောလေးနဲ့ ရင်ကို အေးမြသွားစေတယ် :-) :-)

အသွားမတော် တလှမ်းးးးးးးးးးးးးးး
အစားမတော် တလုပ် 
အဝယ်မတော်ရင် ??????????????
ဟူးးးးးး ရင်မောလိုက်တာ :-( :-(

 

Credit - Myo Kyaw Kyaw


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments