Header Ads

ဖြစ်ပုံကအဲ့လို

ချစ်သူကောင်မလေးနှင့် ပထမဦးဆုံး ချိန်းတွေ့ရာမှာ ကောင်မလေး၏ ခြေမကို နမ်းခွင့်တောင်းသော ကောင်လေးတစ်ယောက်၏ ပိုစ်ကိုဖတ်လိုက်ရပါသည်။

နှုပ်ခမ်းတို့၊ ပါးတို့ကို နမ်းခွင့်မတောင်းဘဲ ခြေမကိုသာ နမ်းခွင့်တောင်းသော ထိုကောင်လေးအား ကျွန်ုပ်အနေဖြင့် ထူးပြီး မအံ့သြမိပါ။

ကျွန်ုပ်ကိုယ်တိုင်ကလည်း ပုံမှန်နေရာများကို မနမ်းရှိုက်လိုဘဲ ထူးထူးခြားခြား နေရာများကိုသာ ရွေးချယ်နမ်းချင်သော လူထူးဆန်းတစ်ယောက် ဖြစ်နေသောကြောင့်ပင်။

မှတ်မိသေးသည်။
ချစ်သူကို ပထမဆုံး နမ်းခွင့်တောင်းသောနေ့က အဖြစ်ကလေးကို။

ကျွန်ုပ်က နမ်းခွင့်ပြုဖို့ ခွင့်တောင်းသောအခါ သူမက ပြန်ပြောပါသည်... ...
"နှုပ်ခမ်းကိုတော့ မနမ်းရ၊ ပါးကိုနမ်းချင်နမ်း" ဟူ၏။

ကျွန်ုပ်က ပြန်ရှင်းပြရသည်... ...
"ကျွန်ုပ်နမ်းလိုသည်မှာ နှုပ်ခမ်းလည်း မဟုတ်ပါကြောင်း ပါးလည်းမဟုတ်ပါကြောင်း ကျွန်ုပ်၏ စိတ္တဇအရ သူမ၏ 'xxx' နေရာလေးကို ဖြစ်ပါကြောင်း။

သူမ ခါးခါးသီသီး ငြင်းပါသည်။
ဘယ်လိုမှ မဖြစ်နိုင်ပါကြောင်း၊ အဆိုပါနေရာမှာ အညစ်အကြေးတို့ ရှိနိုင်၍ မသင့်တော်ပါကြောင်း၊ ပြီးတော့ သူမမှာ အလွန်ယားတတ်သူဖြစ်၍လည်း ခွင့်မပြုနိုင်ကြောင်း ပြောပါသည်။

အချိန်အတော်ကြာကြာ ရှင်းပြပြီး ကျွန်ုပ်၏ အာသီသကို လိုက်လျောစေလိုကြောင်း တောင်းပန်တော့မှ သူမခမျာ ချစ်စိတ်ဖြင့် ခွင့်ပြုရှာတော့သည်။

အနှစ်နှစ်အလလ သူမမျက်နှာလေးကိုမြင်တိုင်း စိတ်ကူးယဉ်ခဲ့ရသည်များ ယခုတော့ဖြင့် အကောင်အထည် ပေါ်ခြေပြီ။

နမ်းချင်သော နေရာလေးကို ကျွန်ုပ်၏နှုတ်ခမ်းများဖြင့် ဖိကပ်ကာ သာသာဖွဖွ နမ်းရှိုက်လိုက်သည်။
ပီတိအပျော်တို့ ရင်ထဲတလျှောက် စီးဆင်းသွားကြသည်မှာ လွန်စွာမှ ငြိမ့်ညောင်းလှပေစွ။

မျက်စေ့တို့အား စုံမှိတ်ပြီး အံကြိတ်ထားသော ချစ်သူအားကြည့်ရင်း 
ယောင်ရမ်းကာ ထိပ်သီးဖြားလေးအား ကိုက်မိလိုက်ရာ၊ ချစ်သူခမျာ တွန့်ကနဲ ဖြစ်သွားပြီး ကျွန်ုပ်အား ဆောင့်တွန်းလိုက်လေသည်။

ကျွန်ုပ် နမ်းရှိုက်ရင်း ကိုက်မိခဲ့သောနေရာမှာ...
'ချစ်သူ၏နှာသီးဖြားလေးပင်' ဖြစ်ပါသတည်း။

 

Credit - သို၎ကန်


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments