အင်တာဗျူး
Copy Credit
“အန်ကယ့် အနေနဲ့ ဘယ်သူ့ကို မှန်းပါသလဲ”
“အန်ကယ် အမြဲ မှန်းနေကျ ကတော့ လုလုအောင် ပေါ့နော်။ တစ်ခါ တလေ ဇွန်သင်ဇာ ကိုလည်း မှန်းပါတယ်။ ထိုင်ဝမ်က လာတဲ့ ဂျက်စီကာ ဘေဘီဖက် ဆိုတာကြီး ကိုလည်း ရောက်တုန်းလေး မှန်းလိုက်ပါ သေးတယ်”
“ငင့်။ မဟုတ်ဘူးလေ အန်ကယ်။ ကျွန်တော်က အကယ်ဒမီကို ပြောတာပါ”
“အေးလေ။ သူတို့သာ သရုပ်ဆောင်ရင် အကယ်ဒမီ မှန်းနိုင်တယ်လို့ ပြောတာပါ”
“အခု ဘယ်သူတွေ အသံထွက်နေလဲ”
“အသံထွက် နေတာကတော့ အများကြီးပဲ။ တစ်ချို့ကတော့ အသံဝင် နေလို့ သိပ်မထွက်ဘူး။ မှန်ချိုလေး စားပေးဖို့ အန်ကယ် အမြဲ ပြောတယ်”
“အဲ။ ကျွန်တော်ပြောတာ အကယ်ဒမီ အတွက် အသံထွက် နေတဲ့သူ ပြောတာပါ အန်ကယ်”
“သြော်။ အကယ်ဒမီ ကတော့ ပေးတဲ့သူ ရမယ်။ မပေးရင် မရဘူး ပေါ့လေ”
“ရှင်းသွားတာပဲ အန်ကယ်”
“အေး။ အေး။ ဒါနဲ့ စကားမစပ် အန်ကယ် အခု ၀တ်ထားတဲ့ တီရှပ်က အင်ဂျင်ဝိုင် ၀ယ်ရင် လက်ဆောင် ပေးတာလေ။ ဟောဒီ ပုဆိုးကတော့ ရေဘေးတုန်းက အလှူခံ ထားတာ။ ဂျပန် ဖိနပ် နောက်မြီးတို ကိုတော့ အမှိုက်ပုံ ကနေ တစ်ဘက်စီ လိုက်ကောက် ထားတာပါကွယ်။ ဒါကြောင့် အရောင် မတူတာကို တစ်ချို့က ဖက်ရှင်လို့ ထင်ကြ တာကွယ့်။ တကယ်က မဟုတ် ပါဘူးနော်”
“ဟုတ်ကဲ့။ ကျေးဇူး တင်ပါတယ် အန်ကယ်”
#Credit Zin Thaw Naing
Post a Comment