Header Ads

ထီးမပါလို့ပါ


လူတစ်ယောက် သင်းအုပ် ဘုန်းတော်ကြီးထံသို့ သူဧ။်အပြစ်ကို ၀န်ချတောင်းပန်သည်။

ဘုန်းတော်ကြီး။     ။ မင်းမှာဘာအပြစ်ရှိလို့လဲ။

လူ။     ။ ကျွန်တော်အရင်တစ်ပတ်က ကျွန်တော့်သူငယ်ချင်းအိမ်ကို သွားလည်တယ်။သူ့အိမ်ရောက်တော့ သူကမရှိဘူး။ အိမ်မှာသူ့မိန်းမပဲရှိတယ်။ အဲဒါနဲ့ကျွန်တော်ပြန်မယ် လုပ်တော့ .. မိုးက ၀ုန်းကနဲဆိုရွာချရော။ ထီးကလည်းမပါဘူး။ ဒါနဲ့ပဲ သူငယ်ချင်းမိန်းမက မိုးခိုရင်းကော်ဖီသောက်လိုက်ဆိုပြီး  ကော်ဖီဖျော်တိုက်တယ်။ အဲ ...
မိုးကလည်းတော်တော်နဲ့ မစဲဘူး။ အဲဒါနဲ့ပဲ မထိန်းနိုင်ဖြစ်ပြီး သူငယ်ချင်းမိန်းမ နဲ့မှားသွားမိတယ်။ အဲဒါကြောင့် ခွင့်လွှတ်ပါ။

ဘုန်းတော်ကြီး။     ။ ရပါတယ်။ ဒါကလူတိုင်းဖြစ်နိုင်တာပဲ။ ခွင့်လွှတ်ပါတယ်။

လူ။     ။ မပြီးသေးဘူး။ လွန်ခဲ့တဲ့သုံးရက်လောက် ကကျွန်တော် ယောက္ခမအိမ်ကိုသွားလည်တယ်။ မိန်းမကလည်း မအားလို့မလိုက်တော့ဘူးတဲ့။ ယောက္ခမ အိမ်ရောက်တော့သူမရှိဘူး။ Party သွားတယ်တဲ့။ ကျွန်တော့်ခယ်မ တစ်ယောက်ပဲအိမ်မှာရှိတယ်။
အဲဒါနဲ့ မကောင်းပါဘူးလေ ဆိုပြီး ပြန်မယ်လုပ်တော့ မိုးကရွာကော။ ထီးမပါလာပြန်ဘူး။ ဒါနဲ့ခယ်မကလည်း ကော်ဖီဖျော်တိုက်တယ်။
မိုးကလည်းတော်တော်နဲ့မတိတ်ဘူး။ အဲဒီ့မှာပဲ မထိန်းနိုင်ပဲ
မှားသွားမိသေးတယ်။

ဘုန်းတော်ကြီး။   ။ အင်း......... နည်းနည်းတရားလွန်ပေမယ့် ခွင့်လွှတ်လိုက်ပါတယ်။

လူ။     ။ နောက်တစ်ခုကျန်သေးတယ်။ မနေ့က ကျွန်တော့်အဒေါ်အိမ်သွားတယ်။ အဒေါ်ဆိုတာ အဖွားရဲ့မွေးစားသမီးပါ။ ကျွန်တော်နဲ့တော့ ဘာမှမတော်ပါဘူး။ သူကလည်းအိမ်မှာမရှိဘူး။ သူ့ရဲ့သားပဲအိမ်မှာရှိတယ် ။ကျွန်တော်ပြန်မယ်လုပ်တော့ မိုးကသဲသဲမဲမဲ ကိုချတော့တာပဲ။ အဲဒါနဲ့သူ့ရဲ့သားက ကော်ဖီဖျော်တိုက်တယ်။ ထီးမပါတော့ပြန်လို့မရဘူးပေါ့။ အဲဒီ့မှာပေါ့ .အဒေါ့်သားကနည်းနည်းနွဲ့နွဲ့လေး ဆိုတော့ကျွန်တော်လည်း ....................

ဘုန်းတော်ကြီး။   ။ တော်တော် .. ဆက်မပြောနဲ့တော့။
ငါအကုန်လုံးကိုခွင့်လွှတ်တယ်။ ပြီးပြီမဟုတ်လား။ မင်း မင်း...
မြန်မြန်ပြန်တော့။ မင်းဒီကိုလာတာ ထီးလည်းမပါဘူး။ အခုအပြင်မှာမိုးအုံ့နေပြီ။

တိန်

credit :
✏✏✏✏✏✏✏✏✏✏✏✏✏✏✏✏✏✏✏✏✏✏✏✏
👉တိကျမှန်​ကန်​တဲ့သတင်းအချက်​အလက်​များ

👉​ခေတ်​နဲ့အညီ​ပြောင်းလဲတိုးတတ်​​နေ​သော နည်းပညာများ

👉သုတ၊ရသ၊ဟာသ၊က​ဗျာ စာပ​ဒေသာများ

👉ကျန်းမာ​ရေး ​ဗဟုသုတများ

👉​တေးသီချင်းများ

👉​ဗုဒ္ဓစာ​ပေများ

👉Modelအလှဓာတ်​ပုံများ

တို့ကို သင့်​ဖုန်းနဲ့ သွား​လေရာ အလွယ်တကူ ဖတ်​ရှုနိုင်​ပါပြီ ဂျာနယ်​တစ်​​စောင်​ ၇၀၀ ​ပေးဖတ်​စရာမလိုပဲ တစ်​ရက်​ အင်​တာနက်​ ၅မိနစ်​​လောက်​ဖွင့်​​ပေးရုံနဲ့ အားလုံး က သင့်​ထံ​ရောက်​လာပါပြီ။

မြန်​မာလူငယ်​သတင်းစုံ ​နေက်​ဆုံးဗားရှင်းရဲ့ Mobile Data Saving System ​ကြောင့်​ မိမိမနှစ်​သက်​တဲ့ သတင်းလိုင်း​တွေကို ဖြုတ်​ ပြီး ဖုန်း​ဘေ ကို ​ချွေတာနိုင်​ပါပြီ။

တစ်​ခုတည်းနဲ့ပြီးပြည့်​စုံတဲ့ မြန်​မာလူငယ်​သတင်းစုံ ကို ဒီ​နေရာ​လေးနှိပ်​ပြီးအခုပဲရယူလိုက်​ပါ။
ကျွန်တော်သိကျွန်တော်တတ်၍ရေးသားခြင်းမဟုတ်ပါ

ကျွန်တော်လေ့ လာမိသမျှကိုစာဖတ်သူများထံပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်

ကျွန်တော့်ပို့ စ်တစ်ခုချင်းစီအတွက်မူရင်းရေးသားသူများအားအထူးကျေးဇူးတင်ဥပကာရတင်ရှိပါသည်။

ဖြိုးလေး (Myanmar Youth) ph-09791169860



No comments