တော်ပါသေးရဲ့ဆရာရယ်
တိုက် ၂လွှာမှာနေတဲ့ အမျိုးသမီးတစ်ဦး အခန့်မသင့်ဘဲ ခြေထောက်ကျိုးသွားရာ ဆရာဝန်က သူမ၏ ခြေထောက်အား ကျောက်ပတ်တီး စီးပေးပြီးနောက် သူမအား လှေကားများမတက်ရန် မှာကြားလိုက်ပါတယ်။ ၇ လအကြာမှာ ကျောက်ပတ်တီးကို ဖယ်ရှားပေးလိုက်သောအခါ လူနာမိန်းမက ပြောပါတယ်။
‘ဒါဆို ကျွန်မ လှေကားတက်လို့ ရပြီပေါ့’
‘ရပါပြီ ခင်ဗျာ’
‘တော်ပါသေးရဲ့ ဆရာရယ်၊ ကျွန်မတို့ တိုက်က ဓာတ်လှေကားမရှိတော့ ကျွန်မ ရေပိုက်ကြီးကို ဖက်တက်ရတာ မောလှပြီ’
Credit - ရဲစတိုင်း
Post a Comment