Header Ads

သူ့အတွေးနဲ့သူတော့ဟုတ်နေတာပဲ

မီးခြစ်ဘူး ရေစိုသွားလို့ အမေလုပ်သူက နေထုတ်လှန်းထားတယ်။
ခဏနေတော့ အပြင်သွားစရာရှိလို့ သူ့သား မောင်ကျေးညိုလေးကို မှာခဲ့တယ်.. ...
"သားရေ... နေလှန်းထားတဲ့မီးခြစ်ဆံတွေ ကောင်း,မကောင်းစစ်ပြီး ပြန်သိမ်းထားလိုက်၊ အမေအပြင်ခဏသွားလိုက်အုံးမယ်"

"ဟုတ်ကဲ့မေမေ"

အမေပြန်လာတော့ မောင်ကျေးညိုလေးက သတင်းပို့တယ်... ..
"မေမေ... မီးခြစ်ဆံတွေကို တခြောင်းချင်း စစ်ဆေးထားတယ်၊ မကောင်းတာတွေကို လွှင့်ပစ်ပြီး ကောင်းတာတွေကိုပဲ သိမ်းလိုက်တယ်"
"လိမ်မာလိုက်တဲ့ သားလေး၊ ဒါနဲ့ နေပါအုံး သားလေးက ဘယ်လိုများ စစ်ဆေးလိုက်တာလဲ"
"လွယ်လွယ်လေး၊ မီးခြစ်ဆံတွေကို ခြစ်ကြည့်တယ်လေ၊ မီးမတောက်ရင် မကောင်းလို့ပေါ့၊ လွှင့်ပစ်လိုက်တယ်၊ မီးတောက်တဲ့ဟာက ကောင်းလို့ပေါ့၊ သိမ်းထားလိုက်တယ်၊ ပိုင်ဘူးလား"

"ငင်...."

 

Credit - သုခမိန်



အောင်မြင့်မြတ်(Myanmar Youths)

No comments