ကြိုက်မရှက် ငတ်မရှက်
အိမ်ရှင်များ ထမင်းစားနေချိန်တွင် ဧည့်သည်တစ်ဦးရောက်ရှိလာလေသည်။
ထိုအခါ အိမ်ရှင်များသည် လောကဝတ်နှင့်အညီ ဧည့်သည်အား ထမင်းခေါ်ကျွေးလေသည်။ ဧည့်သည်မှာလည်း အလွန်ဆာလောင်နေသဖြင့် “ ကြိုက်မရှက် ငတ်မရှက်” ဟူသော စကားနှင့်အညီ ဣနြေ္ဒပင် မဆည်နိုင်တော့ဘဲ အားပါးတရ ဝင်ရောက်စားသောက်လေသည်။ ထိုအခါ အိမ်ရှင်သည် ငတ်မရှက် ဝင်စားနေသော ဧည့်သည်အား ကြည့်မရတော့သဖြင့် လှတောသား ဟာသတစ်ပုဒ်အား စဉ်းစားမိပြီး အောက်ပါအတိုင်း ပြောချလိုက်လေသည်။
“စားကွာ စား၊ မင်းစားနေတာကြည့်ပြီး အားကျလိုက်တာ၊ သေသွားတဲ့ ငါ့အိမ်က ခွေးကြီးစားနေတာနဲ့ တူလိုက်တာ” ဟူ၏။
(ထိုအခါ ဧည့်သည် ဆက်၍စားရမလို ရယ်ရမလို ဖြစ်သွားလေသည်။)
(ဝန်ခံချက်)
(လှတောသားဟာသအား မှီငြမ်းသည်။)
Credit - စိန်ငှက်ရိုး
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
Post a Comment