Header Ads

ဆိုင်​ကယ်​ယိုင်​သ​ကွယ်

ဦးဘစိန်တို့လယ်က စပါးထွက်ကောင်းတယ်။ စပါးပြီး စပါး၊ စက်အားနဲ့ လုပ်ပြန်တော့ ပိုပြီးထွက်တယ်။ စပါးတွေ လက်ထဲမှာ အများကြီးရှိနေတယ်ဆိုပြီး စိုးရိမ်စရာမရှိဘူး၊ စပါးဈေးကလည်း ကောင်းမှကောင်း။

“ အဖေ ဆိုင်ကယ်ဝယ်ရအောင်ဗျာ”

လမ်းမှားစီးသွားတဲ့ ဆိုင်ကယ်လေ။ ဗီဒီယိုထဲမှာ အဓိပ္ပါယ်မရှိ အကြောင်းမဲ့ဆိုင်ကယ်စီးပြီး အခမဲ့ ဆိုင်ကယ်ကြော်ငြာတွေ၊ အဲဒါတွေက ဦးဘစိန်ရဲ့ သားတွေကို ဖြားယောင်းတယ်။ ဒါကြောင့် ပူဆာတာ။

“ဟ … သားတွေရ၊ ဆိုင်ကယ်ပေါ်ရောက်လာတာဟာ ဖွတ်တက်တာနဲ့ အတူတူပဲကွ၊ မြည်တာကိုက ဖွတ်ဖွတ်တဲ့။ တစ်ဖွတ်တစ်ကျပ်ပဲ။ ဖွတ်တစ်ကြိမ် မြည်ဖို့အရေး တစ်ကျပ်ထွက်သွားပြီ”

“သူ့ကိုသုံးမှာတော့ ကုန်မှာပေါ့အဖေရာ”

“မင်းတို့ ဆိုင်ကယ်က လယ်ထွန်လို့ရသလား၊ အေး… စက်တစ်လုံးတည်းကို လယ်ထွန်၊ ကောက်စိုက်၊ စပါးလှေ၊ ရေတင်၊ မီးထွန်းလို့ ရတဲ့စက် ဘယ်လို ဝယ်ရမတုန်း၊ နည်းလမ်းရှာကြစမ်းပါ”

“ကျွန်တော်တို့တော့ ဆိုင်ကယ်ပဲ အဖေရေ့”

သားတွေကပြိုင်တူ ဆန္ဒထုတ်တဲ့အတွက်…

“ဟလိုလေး ဆိုင်ကယ်ရူးတွေ၊ ဆိုင်ကယ် ကြော်ငြာဖတ်နေကြပုံများ မယ်သီတာရဲ့ ရုပ်ပုံလွှာတွေကိုတွေ့တဲ့ ဒဿဂီရိဘီလူးလား မှတ်ရတယ်ဟေ့”

 

Credit - လှတောသား


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments