ရှယ်နှိုးစက်နာရီ
ရှယ်နိုးစက်နာရီ
နာရီမျိုးစုံ ရောင်းသော စတိုးဆိုင်ကြီးအတွင်းသို့ လူတစ်ဦးဝင်လာ၏။
အရောင်းပြခန်းကို လှည့်လည်ကြည့်ပြီးနောက် အရောင်းစားရေးအား
မေး၏။
"နာရီ နှိုးစက်ကောင်းကောင်းရှိလား"
"ရှိပါတယ်ခင်ဗျာ ၊ခေါင်းလောင်းသံ ၊တေးသံ၊ ငှက်အော်သံ မျိုးစုံရနိုင်ပါတယ်"
"မဖြစ်သေးပါဘူးကွာ၊ ဒါမျိုးတွေဝယ်သုံးတာများပြီ ၊ဘယ်ဟာမှ ငါ့ကို
အိပ်ရာက နိုးအောင် မစွမ်းဆောင်နိုင်ဘူးကွ"
"ဒါဆိုရင် ကျွန်တော်တို့ဆီမှာ နောက်ဆုံးပေါ်အထူးတီထွင်ထားတဲ့
နာရီတစ်မျိုးရှိပါတယ်ခင်ဗျာ"
"ဘယ်လိုနာရီအမျိုးအစားလဲ"
ဟုမေးလိုက်သဖြင့် နာရီရောင်းသူက ပြန်ဖြေလိုက်သည်မှာကား...
"ကျွန်တော်တို့ နာရီက သတ်မှတ်ထားတဲ့ အချိန်ရောက်ရင် ပထမဦးဆုံး
မီးလှန့် အချက်ပေးသံ မြည်ပါလိမ့်မယ်၊နောက် အမြောက်ပစ်သံ ၊ ဗုံးကွဲသံ
တွေမြည်ပါလိမ့်မယ်၊
ပြီးရင် နာရီက ရေနွေးပူတွေ ပန်းထွက်လာပြီး လူကြီးမင်းကို ပက်ဖျန်းပါလိမ့်မယ်၊
အဲဒါမှ မနိုးသေးရင်တော့ နာရီထဲက
သံပူလွန်သွားတစ်ခုထွက်လာပြီး နှိုးဆွပါလိမ့်မယ်၊
အဲဒီ့ နောက်မှ လူကြီးမင်းမနိုးဘူးဆိုရင်တော့ နာရီက အလိုအလျောက်
သုဘရာဇာဌာနကို ဖုန်းဆက်ပြီး
လူသေခေါင်းနဲ့ ကားကို မှာပေးနိုင်ပါတယ်၊
စိတ်ချလက်ချသာ ၀ယ်သွားနိုင်ပါတယ်ဗျာ
Credit: Original Writer
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
Post a Comment