Header Ads

ပြုံးတော်မူ

😀😀😀😀😀

#ပြုံးတော်မူ

ယောက်ျား​နဲ့ ခိုးရာလိုက်​သွားတဲ့
ကောင်​မ​လေးတစ်​​ယောက်​ဟာ အိမ်​ကိုဖုန်းမဆက်​ရဲလို့
Facebook က​နေ သူ့အ​မေကို only me နဲ့ tag တွဲပြီး
အခုလို status ​ရေးလိုက်​တယ်
" သမီးကို ခွင့်​လွှတ်​ပါ ​ဖေနဲ့​မေ ၊
သမီးရည်းစား​နောက်​ လိုက်​သွားပါပြီ ၊
မိဘမျက်​နှာ အိုးမဲသုတ်​သလိုဖြစ်​သွားခဲ့ရင်
သမီးတို့ကို နားလည်​​ပေးကြလိမ့်​မယ်​လို့
ယုံကြည်​ပါတယ်
ဖေနဲ့​မေတို့ စိတ်​မပူကြပါနဲ့​နော်​ ..
လိုက်​လည်းမရှာကြပါနဲ့
သမီးတို့ တစ်​ရက်​နှစ်​ရက်​​နေပြီး ပြန်​လာမှာပါ .. အဝတ်​အစား
တွေလည်း သိပ်​မပါသွားပါဘူး
သမီးတို့ပြန်​လာခဲ့ပါ့မယ်
သမီးမိုက်​ကို ခွင့်​လွှတ်​​ပေးပါ "
အဲသလို​ရေးပြီး သိပ်​မကြာဘူး .. 
ကောင်​မ​လေးရဲ့
အ​မေဖြစ်​သူက ချက်​ချင်း comment ပြန်​လာတယ်
" သမီးအထုပ်​တစ်​ထုပ်​နဲ့ အိမ်​ကထွက်​သွားတာ
မေ​မေမြင်​ပါတယ်
မေ​မေ တမင်​ အိပ်​ဟန်​​ဆောင်​​နေတာပါ.. 
မေ​မေတို့က
စိတ်​ပူ​နေကြတာ ..
လိုက်​မှ လိုက်​ပါ့မလားလို့​လေ ။
သမီး​ဖေ​ဖေလည်း ​ပျော်​​နေရှာတယ်​ ..
အဝတ်​အစား​တွေ
ထပ်​ထည့်​​ပေးလိုက်​ရမလားတဲ့ ။
အဲ့မှာအပြီးပဲ​နေမယ်​ဆို ​မေ​မေတို့
ဒီက​နေ စီစဉ်​​ပေးလိုက်​ပါ့မယ်​ ..
စိတ်​ချလက်​ချသွားပါ
လိုက်​မရှာပါဘူး ..
လင်​ယူ​စေချင်​​နေတာကြာပါပြီ "
" ရှင်​ "
😂😂😂😂😂
Credit#စိန်​​သောင်း


No comments