Header Ads

ဆုတောင်း

ဆုတောင်း

အသက် ၆၀ အရွယ် ဇနီးမောင်နှံ ၂ဦးသည် သူတို့၏ အနှစ် ၄၀ပြည့် မင်္ဂလာအခမ်းအနားကို အိမ်မှာပင် တိတ်တဆိတ် ကျင်းပပြုလုပ်ကြသည်။ တစ်ဦးနှင့်တစ်ဦး ငယ်မူပြန်ကာ ချစ်စကားများပြောခြင်း၊ အပြန်အလှန် ယုယုယယနမ်းခြင်းများ ပြုလုပ်လျက်ရှိကြသည်။ သူတို့၏အတိတ်ကာလများက ပျော်ရွှင်ဖွယ်ရာနေ့ရက်များအကြောင်းကို ပြန်ပြောင်းပြောဆိုနေကြသည်။ သေချာသည်ကတော့ နှစ်ဦးစလုံး၏ မျက်လုံးများတွင် ကြည်နူးပျော်ရွှင်ရိပ်များနှင့် ပြည့်နှက်နေခြင်းပင်။ သူတို့နှစ်ဦး၏ ချစ်ခြင်းမေတ္တာနှင့် သံယောဇဉ်ကြီးမားပုံကို သဘောကျလွန်းသည့်အတွက် အချစ်နတ်သမီးသည် ကိုယ်ထင်ပြလေသည်။ ထို့နောက် သူတို့နှစ်ဦးသည် နှစ်သက်ရာဆုတစ်ခုစီ တောင်းရန် ပြောဆိုလိုက်သည်။ အဘွားအိုက စတင်ပြောသည်။

‘ခင်ပွန်းဖြစ်သူနဲ့ အတူ ကမ္ဘာတစ်ပတ် ခရီးထွက်ချင်ပါတယ်’

ချက်ချင်းဆိုသလိုပင် အဘွားအို၏ လက်အတွင်းသို့ ပင်လယ်ကမ်းခြေခရီးစဉ် လေယာဉ်လက်မှတ်များရောက်ရှိလာသည်။ အဘိုးအို၏ အလှည့်ဖြစ်သည်။

‘ကျွန်တော့်ထက် အသက် ၃၀ လောက်ငယ်တဲ့ အမျိုးသမီးအဖော်တစ်ဦးကို လိုချင်ပါတယ်’

ချက်ချင်းဆိုသလိုပင် အဘိုးအိုသည် အသက် ၉၀ အရွယ်ဖြစ်သွားလေသည်။

 

Credit - ရဲစတိုင်း


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments