Header Ads

ဆွေစောင်းရှိလား

ဖုန်းဆိုင်​ တစ်​ဆိုင်​သို့
လူတစ်​​ယောက်​ ဝင်​လာပြီး ​မေးသည်

" ​မောင်​ရင်​ - ​စွေ​စောင်း ရှိလား . . . ?"

ဆိုင်​ရှင်​က နားမလည်​စွာဖြင့်

" ဘယ်​က ​စွေ​စောင်းလဲ -- . . . ?
ကျ​တော်​တို့ဆီမှာ
စွေ​စောင်း ဆိုတဲ့လူ တစ်​​ယောက်​မှ မရှိဘူး "

" မဟုတ်​ဘူး​လေကွာ --
စွေ​စောင်း နို့ဖိုး "

ဆိုင်​ရှင်​က စိတ်​မရှည်​စွာဖြင့်​. . .

" ဒီမှာ ဦး​လေး -
ဒီမှာ ​စွေ​စောင်းလည်း မရှိဘူး --
နို့ ဖိုး ​တောင်းရ​အောင်​လည်း -
ဦး​လေးဆီက တစ်​ခါမှ နို့ ဝယ်
မ​သောက်​ဖူးဘူး "

" ဟာ ​ဒိုးခပါဘဲကွာ-
မင်းက  ​တော်​​တော်​ပိန်းတာပဲ -
ငါ ​ပြောတာက ဖုန်းနာမည်​ 
စွေ​စောင်း နို့ဖိုးကို ​​ပြောတာ ငအရဲ့ "

ထိုအခါမှ
ဆိုင်​ရှင်​က စဉ်းစားပြီး
နားလည်​ သွားဟန်​ဖြင့်

" ဪ သိပြီ သိပြီ - ဟားဟား
ဦး​လေးကလည်း ​စွေ​စောင်းနို့ဖိုး
မဟုတ်​ပါဘူးဆမ်​​ဆောင်း Note -4 ပါ ဟားဟား "

" ဟုတ်​လား သိဘူး​လေကွာ -
ငါ ​ခေါ်တတ်​သလို ​ခေါ်တာပဲဟာ "

" ဟုတ်​ကဲ့ ရှိပါတယ်​ ဦး​လေး -
ကျ​တော်​ ပြမယ်​ "

ဆိုင်​ရှင်​က မှန်​ဘီရိုထဲမှ ဖုန်းကို ထုတ်​ပြီး ​ဈေးနှူန်းနှင့်​ ဖုန်းအ​ကြောင်းကို ရှင်းပြ​လေသည်​ လူကြီးက နား​ထောင်​ပြီး. . .

" ​အေးကွ -
မင်း ​ပြောပုံဆို ဖုန်းက​တော့ မဆိုးပါဘူး - 
ဈေးနူန်းက များ​နေတယ်​ကွ "

" မများပါဘူး ဦး​လေးရ -
ဒါ ကုမ္ပဏီက ချတဲ့ ​ဈေးနူန်းအတိုင်း
ရောင်းတာပါ "

လူကြီးက စိတ်​တိုင်းမကျဟန်​ဖြင့်

" ဟိုဟာ -- အပို ​ကော ရှိလား ?"

" အပို က​တော့ -
ဖုန်းကာ​ဗာ တစ်​ခု ​ပေးမယ်
ဦးထုပ်​တစ်​လုံး လက်​​ဆောင်​ ​ပေးမယ်​ -
ပြီး​တော့ --"

" ဟာ မဟုတ်​ပါဘူး --
ငါ ​မေးတာက အပို ဖုန်း --"

"ဪ ဦး​လေးရယ်​ ဖုန်းတစ်​လုံး ဝယ်​တာ - ဖုန်းတစ်​လုံး အပိုလက်​​ဆောင်​ က​တော့ - ဘယ်​သူက ​ပေးမှာလဲ "

" ဟာကွာ --မင်းကလည်း.​စောက်​ရူးပဲ -
ဖုန်းဆိုင်​ဖွင့်​ထားပြီး ဘာမှလည်း
နားမလည်​ဘူး
ငါ ​ပြောတာ အပိုဖုန်း --
ဖုန်းနာမည်​က အပို - သိပြီလား - ငတုံးရဲ့ "

ဆိုင်​ရှင်​လည်း ငတုံး ဟု အ​ပြောခံရသဖြင့်
အောင့်​သက်​သက်​ဖြင့်​ ခံလိုက်​ရပြီး သူ​ပြောတဲ့ ဖုန်းအမည်​ကို ပြန်​စဉ်းစားကြည့်​ပြီး

" ဪ သိပြီ သိပြီိး - Oppo ဖုန်းကို 
ပြောတာ မလား "

" ​အေးလကွာ - အိုပို လား အပိုလား​တော့ မသိဘူး - အဲ့ဖုန်း အဲ့ဖုန်း ဘာတဲ့ "မတန်​မရာဖုန်း ဆိတ်​ချီး ဘုရင်​" ဆိုလားပဲ "

" OPPO ကင်​မရာဖုန်း selfie ဘုရင်​ပါ -ဦး​လေးရဲ့ - ဦး​လေးနဲ့​တော့ ဒိုးခပါဘဲ​ဗျာ "

" ​အေး​အေး - အဲ့ဒါ ပြပါအုံးကွ "

ဆိုင်​ရှင်​က မှန်​ဘီရိုထဲမှ ဖုန်းကို
ယူပြီး ရှင်းပြပြန်​သည်
ထိုစဉ်

"¸¸♬·¯·♩¸¸♪·--အနန္တငါးပါးကို ရှိခိုးပါ၏ဘုရား - အနန္တငါးပါးကို --ရှိ ရှိခိုးခိုး --¸¸♬·¯·♩¸¸♪·¯·"

" ဟယ်​လို -- ​အေး ​ခွေးမလား -
အေး ​ပြော - အခုလား - ဝယ်​​နေတယ်​ -
ဖုန်းဆိုင်​ ​ရောက်​​နေတယ်​ - ဘာ အပြားကြီးကြီး -- ​အေးပါ သိပါတယ်​ -- ငါအတွက်​​ကော နင့်​အတွက်​​ကော
နှစ်​လုံး ဝယ်​မယ်​​လေ -
ငါလည်း ဒီခလုတ်​ဖုန်းကြီး မကိုင်​ချင်​​တော့ဘူးဟ - ဟားဟား  - 
အေးပါ ​အေးပါ - 
ဖေ့အဖုတ်​လား ဖွင့်​ခိုင်းလိုက်​မယ်​​လေ - ဘာလဲ - ဘာ -
နို့သီးယား - နို့သီးယား တာ​တော့
ငါပြန်​လာမှ ကြည့်​လုပ်​​ပေးမယ်​​လေ "

" ခွီး "

ဆိုင်​ရှင်​က နား​ထောင်​ပြီး ရယ်​သံထွက်​သွားသဖြင့်​ - လူကြီးက မျက်​​စောင်းထိုးကြည့်​ပြီး ဖုန်းကို ဆက်​​ပြောသည်

" ​အေးပါဟယ်​ -
ချီးမည်းနဲ့ ပက်​ခွက်​ကိုလည်း 
သေချာ မှတ်​ခဲ့ပါ့မယ်​ 
အေး​အေး ဒါပဲ​နော်​ "

လူကြီးက ဖုန်း​ပြောပြီး
သူ့ခလုတ်​ဖုန်း​လေးကို
လွယ်​အိတ်​ထဲ ပြန်​ထည့်​လိုက်​သည်

" ​အေး ​မောင်​ရင်​ - နှစ်​လုံး ယူမယ်​ကွာ - အပြားကြီးကြီးနဲ့ ​ဖေ့အဖုတ်​တို့ ဖိုက်​ဘာ တို့ သုံးလို့ရ​အောင်​သာ လုပ်​​ပေး "

" ဟုတ်​ကဲ့ စိတ်​ချပါဦး​လေး - ကျ​တော်​ ​သေချာ လုပ်​​ပေး လိုက်​ပါ့မယ်​ "

ဆိုင်​ရှင်​က ​ပြောပြီး ခုနက လူကြီးဖုန်း​ပြောတုန်းက သူမရှင်းသည့်​စကား​လေးကို သိချင်​၍ ​မေးကြည့်​​လေသည်

" ဒါနဲ့​လေ ဦး​လေး - ခုနက ဦး​လေး ဖုန်း​ပြောတုန်းက - နို့သီးယား တာကို ပြန်​လာမှ လုပ်​​ပေးမယ်​ ဆိုတာ -
အာ့ ဘာ ​ပြောတာလဲ "
ထိုအခါ
လူကြီးက

" အဲ့ဒါ - ဦး​လေးမိန်းမ ကိုင်​​နေတဲ့
ဖုန်း​လေ - နာမည်​က နို့သီးယားတဲ့
ခလုတ်​ဖုန်း​လေးပါ -
အဲ့ဒါ အသံမလာ လို့တဲ့​လေ -
အာ့​ကြောင့်​ ဦး​လေး ပြန်​လာမှ လုပ်​​ပေးမယ်​လို့ ​ပြောတာ -ဘာဖြစ်​လို့လဲ "

ထိုအခါ
ဆိုင်​ရှင်​က အားပါတရ ရယ်​​မောလိုက်​ပြီး
ဤသို့ ​ပြောလိုက်​ပါ​တော့သည်

" ဟားဟား
ဦး​လေးနဲ့​တွေ့မှ "Nokia" လည်း နို့သီးယား ဖြစ်​သွား​တော့တယ်​ ဟားဟား "

" သိဘူး​လေကွာ - အဟားဟား"
--------------------------------
#Credit-လူချွန်​​တော်
Via ; Sai Laung Hein


No comments